ပရိသတ်ကြီးရေ ဒီနေ့ မေလ (၁၆) ရက်နေ့လေးကတော့ ပရိသတ်တွေ ရဲ့ အချစ်တော်ဖြစ်တဲ့ ပြည်သူ အချစ်တော် အဆိုတော်မလေး ပိုပို ရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ပရိသတ်တွေရော အနုပညာ မောင်နှမတွေကပါ မွေးနေ့လေးကို အထဲမှာ ဖြတ်သန်းနေခဲ့ရတဲ့ ပိုပို့အတွက် စိတ်မကောင်းဖြစ်နေခဲ့ ကြပါတယ်။

အမြန်ဆုံးပြန်လည် လွတ်မြောက်လာစေဖို့ နဲ့ နေကောင်းကျန်းမာစွာ ရှိနေစေဖို့လည်း ပိုပို့အတွက် မွေးနေ့ ဆုမွန်ကောင်းတွေအသီးသီးတောင်းပေးနေခဲ့ကြပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့ အထဲမှာ ပြည်သူ့အချစ်တော် မင်းသားချောလေး ပိုင်တံခွန် ကလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ “Happy Birthday Ma Po Po မွေးနေ့ကို အထဲမှာ ဖြတ်သန်းရတာ ဘယ်လောက် နာကျင်ရလဲ ကျွန်တော်အသိ ဆုံးပါ ကျန်းကျန်းမာမာ နဲ့ အမြန်ဆုံးပြန်ထွက်လာနိုင်ပါစေလို့အမြဲ ဆုတောင်းပေးနေ ပါတယ်။

အပြင်ပြန် ရာက်လာရင် ငါ့တို့မောင်နှမ တွေ အရင်လို အလုပ်လေးတွေ ပြန်လုပ်ရင်း လိပ်ပြာသန့်သန့် နဲ့ မိသားစု နှင့် ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်အောင် ကြိုးစားကြမယ် အားတင်းထားပါ ငါ့အမ” ဆိုပြီး ကိုယ်တိုင် ကြုံတွေ့ခဲ့ရဖူးတာကြောင့် ပိုပိုတစ်ယောက်ဘယ်လို ခံစားနေရမလဲတွေးတာစိတ်မကောင်းဖြစ်နေခဲ့ကြောင်းနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတွေလည်း ပိုပို့ရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။

Source – Paing Takhon
Chilli – CeleGabar

ZAWGYI

ပရိသတ္ႀကီးေရ ဒီေန႔ ေမလ (၁၆) ရက္ေန႔ေလးကေတာ့ ပရိသတ္ေတြ ရဲ့ အခ်စ္ေတာ္ျဖစ္တဲ့ ျပည္သူ အခ်စ္ေတာ္ အဆိုေတာ္မေလး ပိုပို ရဲ့ ေမြးေန႔ရက္ျမတ္က်ေရာက္တဲ့ ေန႔ရက္ျမတ္ေလးပဲျဖစ္ပါတယ္။ ပရိသတ္ေတြေရာ အႏုပညာ ေမာင္ႏွမေတြကပါ ေမြးေန႔ေလးကို အထဲမွာ ျဖတ္သန္းေနခဲ့ရတဲ့ ပိုပို႔အတြက္ စိတ္မေကာင္းျဖစ္ေနခဲ့ ၾကပါတယ္။

အျမန္ဆုံးျပန္လည္ လြတ္ေျမာက္လာေစဖို႔ နဲ႔ ေနေကာင္းက်န္းမာစြာ ရွိေနေစဖို႔လည္း ပိုပို႔အတြက္ ေမြးေန႔ ဆုမြန္ေကာင္းေတြအသီးသီးေတာင္းေပးေနခဲ့ၾကၿပီး ေမြးေန႔ဆုေတာင္းေပးခဲ့တဲ့ အထဲမွာ ျပည္သူ႔အခ်စ္ေတာ္ မင္းသားေခ်ာေလး ပိုင္တံခြန္ ကလည္း အပါအဝင္ပဲ ျဖစ္ပါတယ္။ ပိုင္တံခြန္ကေတာ့ “Happy Birthday Ma Po Po ေမြးေန႔ကို အထဲမွာ ျဖတ္သန္းရတာ ဘယ္ေလာက္ နာက်င္ရလဲ ကၽြန္ေတာ္အသိ ဆုံးပါ က်န္းက်န္းမာမာ နဲ႔ အျမန္ဆုံးျပန္ထြက္လာနိုင္ပါေစလို႔အျမဲ ဆုေတာင္းေပးေန ပါတယ္။

အျပင္ျပန္ ရာက္လာရင္ ငါ့တို႔ေမာင္ႏွမ ေတြ အရင္လို အလုပ္ေလးေတြ ျပန္လုပ္ရင္း လိပ္ျပာသန႔္သန႔္ နဲ႔ မိသားစု ႏွင့္ ပတ္ဝန္းက်င္ကို အက်ိဳးျပဳနိုင္ေအာင္ ႀကိဳးစားၾကမယ္ အားတင္းထားပါ ငါ့အမ” ဆိုၿပီး ကိုယ္တိုင္ ၾကဳံေတြ႕ခဲ့ရဖူးတာေၾကာင့္ ပိုပိုတစ္ေယာက္ဘယ္လို ခံစားေနရမလဲေတြးတာစိတ္မေကာင္းျဖစ္ေနခဲ့ေၾကာင္းနဲ႔ ေမြးေန႔ဆုေတာင္းေပးခဲ့တာပဲျဖစ္ပါတယ္။ပရိသတ္ႀကီးေတြလည္း ပိုပို႔ရဲ့ ေမြးေန႔အတြက္ ေမြးေန႔ဆုေတာင္းေပးခဲ့ၾကပါဦးေနာ္။

Source – Paing Takhon
Chilli – CeleGabar