ပရိသတ်ကြီးရေ အရွယ်နဲ့မလိုက်အောင် အနုပညာ ပါရမီကြီးမားလွန်းသူ အဆိုတော်မလေး မာသထူးဝါး ကတော့ မြန်မာပရိသတ်တွေ ကြားမှာ နာမည်ကျော်သူတစ်ယောက်ဖြစ်သလို သူမ လက်ရှိနေထိုင်နေတဲ့ တောင်ကိုရီးယားနိုင်ငံမှာလည်း အထိုက်အလျောက် အောင်မြင်သူတစ်ယောက်ပဲဖြစ်ပါတယ်။ အသက် (၁၅) နှစ်အရွယ်သာရှိသေးတဲ့ မာသထူးဝါးဟာ ပြီးခဲ့တဲ့လမှာ လည်း သူမရဲ့မိခင်ကို ဆုံးရှုံးခဲ့ရတာ ဖြစ်ပြီး စိတ်ထိခိုက် ဝမ်းနည်းနေတာပဲဖြစ်ပါတယ်။

မိခင်ဖြစ်သူကို တမ်းတစိတ်နဲ့ ဖျော်ဖြေပွဲတွေ ကိုလည်း ကြိုးစားပြီး ဖျော်ဖြေပေးနေတဲ့ မာသထူးဝါး ဟာ မနေ့က ဇွန်လ (၂၅) ရက်နေ့မှာလည်း တောင်ကိုးရီးယားရဲ့ TV charnel KBS2 မှာ ဖျော်ဖြေ ပေးခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။မာသထူးဝါး ဟာ အင်္ဂလန်အဆိုတော် ပေါလ်ပို့စ် နဲ့ ကမ္ဘာကျော် ဂန္တဝင်တေး“Nella Fantasia” ကို ဖျော်ဖြေသီဆို ပေးခဲ့တာပဲဖြစ်ပါတယ်။ မာသထူးဝါး က အင်္ဂလန် အဆိုတော် ပေါလ်ပို့စ်နဲ့ ဖျော်ဖြေ တင်ဆက်နေရင်း ခံစားချက်တွေပြင်းထန်လာကာ မျက်ရည်တွေကျလာခဲ့တာကို အခုလို မျိုးပဲ တွေ့ရပါတယ်။

ပရိသတ်ကြီးအတွက် မာသထူးဝါး နဲ့ ပေါလ်ပို့စ်နဲ့ အတူတူ သီဆိုခဲ့တဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။မာသထူးဝါးကတော့ တိုက်ရိုက် ထုတ်လွှင့်ပြသတဲ့ ဖျော်ဖြေပွဲမှာပဲ မျက်ရည်တွေကျလာတဲ့အထိ ခံစားချက်အပြည့် နဲ့ သီချင်းသီဆိုတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မာသထူးဝါး ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ရင်ထဲမှာ ဆွေးဆွေးမြေ့မြေ့ ဖြစ်သွားမယ်ဆိုတာ အသေအချာပါပဲ။

Source: Our Princess Marthahtoowah Fans Page
Credit ; Cele Active World

ZAWGYI

ပရိသတ္ႀကီးေရ အရြယ္နဲ႔မလိုက္ေအာင္ အႏုပညာ ပါရမီႀကီးမားလြန္းသူ အဆိုေတာ္မေလး မာသထူးဝါး ကေတာ့ ျမန္မာပရိသတ္ေတြ ၾကားမွာ နာမည္ေက်ာ္သူတစ္ေယာက္ျဖစ္သလို သူမ လက္ရွိေနထိုင္ေနတဲ့ ေတာင္ကိုရီးယားနိုင္ငံမွာလည္း အထိုက္အေလ်ာက္ ေအာင္ျမင္သူတစ္ေယာက္ပဲျဖစ္ပါတယ္။ အသက္ (၁၅) ႏွစ္အရြယ္သာရွိေသးတဲ့ မာသထူးဝါးဟာ ၿပီးခဲ့တဲ့လမွာ လည္း သူမရဲ့မိခင္ကို ဆုံးရႈံးခဲ့ရတာ ျဖစ္ၿပီး စိတ္ထိခိုက္ ဝမ္းနည္းေနတာပဲျဖစ္ပါတယ္။

မိခင္ျဖစ္သူကို တမ္းတစိတ္နဲ႔ ေဖ်ာ္ေျဖပြဲေတြ ကိုလည္း ႀကိဳးစားၿပီး ေဖ်ာ္ေျဖေပးေနတဲ့ မာသထူးဝါး ဟာ မေန႔က ဇြန္လ (၂၅) ရက္ေန႔မွာလည္း ေတာင္ကိုးရီးယားရဲ့ TV charnel KBS2 မွာ ေဖ်ာ္ေၿဖ ေပးခြင့္ရခဲ့တာပဲ ျဖစ္ပါတယ္။မာသထူးဝါး ဟာ အဂၤလန္အဆိုေတာ္ ေပါလ္ပို႔စ္ နဲ႔ ကမၻာေက်ာ္ ဂႏၲဝင္ေတး“Nella Fantasia” ကို ေဖ်ာ္ေျဖသီဆို ေပးခဲ့တာပဲျဖစ္ပါတယ္။ မာသထူးဝါး က အဂၤလန္ အဆိုေတာ္ ေပါလ္ပို႔စ္နဲ႔ ေဖ်ာ္ေၿဖ တင္ဆက္ေနရင္း ခံစားခ်က္ေတြျပင္းထန္လာကာ မ်က္ရည္ေတြက်လာခဲ့တာကို အခုလို မ်ိဳးပဲ ေတြ႕ရပါတယ္။

ပရိသတ္ႀကီးအတြက္ မာသထူးဝါး နဲ႔ ေပါလ္ပို႔စ္နဲ႔ အတူတူ သီဆိုခဲ့တဲ့ ဗီဒီယိုေလးကို မၽွေဝေပးလိုက္ပါတယ္ေနာ္။မာသထူးဝါးကေတာ့ တိုက္ရိုက္ ထုတ္လႊင့္ျပသတဲ့ ေဖ်ာ္ေျဖပြဲမွာပဲ မ်က္ရည္ေတြက်လာတဲ့အထိ ခံစားခ်က္အျပည့္ နဲ႔ သီခ်င္းသီဆိုတာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း မာသထူးဝါး ရဲ့ ဗီဒီယိုေလးကိုၾကည့္ၿပီး ရင္ထဲမွာ ေဆြးေဆြးေျမ့ေျမ့ ျဖစ္သြားမယ္ဆိုတာ အေသအခ်ာပါပဲ။

Source: Our Princess Marthahtoowah Fans Page
Credit ; Cele Active World