သရုပ်ဆောင်၊ မော်ဒယ်လ် ပိုင်တံခွန်ကတော့ စိတ်ထားကောင်းသလို ဖော်ရွေရင်းနှီးတတ်တာကြောင့် ပရိသတ်တွေအကုန်လုံးက ချစ်ကြရသူတစ်ယောက်ပဲဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ လူငယ်တစ်ယောက်ဖြစ်ပေမယ့် သူ့ကိုယ်သူစည်းနဲ့ကမ်းနဲ့နေထိုင်ပြီး ဘဝကို အေးဆေးတည်ငြိမ်စွာဖြတ်သန်းနေလျက်ရှိ သူတစ်ယောက်ပဲဖြစ်ပါတယ်။ အဲ့ဒီလို အေးဆေးပြီး တည်ငြိမ်လွန်းတဲ့ ပိုင်တံခွန်ဟာ ပရိသတ်တွေကြားမှာ နာမည်ကြီးသူတစ်ယောက်ပဲဖြစ်ပါတယ်။

တိရစ္ဆာန်လေးတွေကို ချစ်တတ်ပြီး ထူးထူးဆန်းဆန်းအကောင်လေးတွေကိုကြိုက်တတ်တဲ့ ပိုင်တံခွန်ဟာ သူ့ရဲ့နေအိမ်မှာ ကုန်းနေရေနေသတ္တဝါလေးတွေအပြင် တွားသွားသတ္တဝါလေးတွေကိုပါမွေးထားတာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ပိုင်တံခွန်က က သူမွေးထားတဲ့ မ္ဘာ့အသေးဆုံးဆိတ် အမျိုးအစားဖြစ်တဲ့ Pygmy Goat လေးက အစာစားနေတာကို ရိုက်ပြီး “ချစ်တဲ့စိတ်နဲ့ကြည့်ရင်အရာရာက ချစ်ဖို့ကောင်းတယ်” ဆိုပြီး အခုလိုပဲ မျှဝေပေးလာပါတယ်။

ပိုင်တံခွန်ကတော့ တိရစ္ဆာန်လေးတွေကို အပေါ်ယံမဟုတ်ပဲ တကယ်ပဲချစ်မြတ်နိုးသူ တစ်ယောက်ဆိုတာ ပြောဖို့တောင်လိုမယ်မထင်ပါဘူး။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်လို့ ထင်ပါတယ်။

Credit…FOCUS NEWS

zawgyi




Credit…FOCUS NEWS