ပရိသတ်ကြီးရေ နန်းစန္ဒာလှထွန်း ကတော့ MRTV – 4 ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ ပါဝင် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါ တယ်။ နန်းစန္ဒာလှထွန်းကတော့ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့် “ပဥ္စလတ်ရွာ” ဇာတ်ကားမှာလည်း”ရေဝတီ” ဆိုပြီးပရိတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိခဲ့ပါသေးတယ်။
နန်းစန္ဒာလှထွန်းကတော့ လတ်တလောမှာထုတ်လွှင့်ပြသခဲ့တဲ့ “ဒေါင်းယာဉ်ပျံဘုံ နဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲမှာလည်း “သက်သက်” ဆိုတဲ့ ဇာတ်ကောင်လေးနဲ့ ပါဝင်ပြီး ဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်ထားနိုင်ခဲ့တဲ့ အတွက် ပရိတ်သတ်ရဲ့အားပေးမှုကို တစ်ခဲနက်ရရှိပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်နော်။သရုပ်ဆောင်ပီပြင်ပိုင်နိုင်တဲ့ နန်းစန္ဒာလှထွန်းက သူမနဲ့မယားပြိုင် အဖြစ်အပြိုင်အဆိုင်သရုပ်ဆောင်ခဲ့ရတဲ့ မြမိုးသူ(ဆက်ယွန်းတွယ်တာ)နဲ့ ဇာတ်လမ်းထဲမှာလိုမဟုတ်ပဲ အပြင်မှာတော့ညီအစ်မတွေလို အရမ်းချစ်ကြတယ်ဆိုတဲ့အကြောင်း သူမတို့ နှစ်ယောက်ရဲ့ပုံလေးနဲ့တကွပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်.။
နန်းစန္ဒာလှထွန်းက”တစ်ကယ်တမ်းက ကိုယ့်ကောင်မလေးပါသွားလို့တင်းနေတာ သက်သက်က 🌚🌚🌚 ( တစ်ပုံချင်းသေချာကြည့် အပျော်တွေကူးချင်ရင် 🤭👭❣️ )” ဆိုတဲ့စာလေးနဲ့တကွ သူမနဲ့မြမိုးသူတို့အတူရိုက်ကူးထားတဲ့ ပုံလေးတွေကိုပြသလာခဲ့တာပဲ ဖြစ်ပါတယ်နော်။ဇာတ်လမ်းတွဲထဲမှာတော့ ယောကျာ်းတစ်ယောက်ကိုပြိုင်လုရလို့ မတည့်ပေမယ့် အပြင်မှာတော့ အရမ်းကိုချစ်ကြတဲ့ သက်သက်နဲ့မြမိုးသူရဲ့ ချစ်စရာကောင်းနေကြတဲ့ပုံရိပ်လေးတွေ ပရိတ်သတ်ကြီးလည်း တစ်ပုံချင်းစီဝင်ကြည့်ပြီး ကျေနပ်ကြလိမ့်မယ်လို့ထင်ပါတယ်နော်..။
Credit . Celebrity Platforms
zawgyi