ပရိသတ်ကြီးရေ ဖွေးဖွေးကတော့ အကယ်ဒမီသုံးဆု ပိုင်ရှင်မင်းသမီးတစ်လက်ပါ။ ရုပ်ရှင်ဇာတ်ကားတိုင်းကို စိတ်နှစ်ပြီး ရိုက်ကူးတတ်တဲ့ဖွေးဖွေးကိုပရိသတ်​တွေကချစ်စနိုးနဲ့ဖွေးစိန်လေးလို့လည်းခေါ်ကြပါသေးတယ်။ သူမရိုက်ကူးလိုက်တဲ့ ဇာတ်ကားတိုင်းမှာ ဘယ်လိုဇာတ်ရုပ်လာလာပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ထိပ်တန်းမင်းသမီးတစ်လက်ပါ။

ကျရာဇာတ်ကောင်ကို ပီပြင်အောင် ကြိုတင်ပြင်ဆင်မှုတွေ နဲ့အတူ စိတ်ရောလူရော အားထည့်ကာ အမြဲ ကြိုတင်ပြင်ဆင်မှုတွေ နဲ့အနုပညာဝမ်းစာကို အပြည့်ဖြည့်တတ်သူပဲ ဖြစ်ပြီး အနုပညာအလုပ်အပေါ် ဝါသနာကြီး သူတစ်ယောက်ဖြစ်တဲ့ ဖွေးစိန်လေးကတော့အခုချိန် မှာအနုပညာအလုပ်တွေကို ရပ်နားထားပေမယ့် သူမနာမည်နဲ့ ကိုယ်တိုင်ထုတ်လုပ်ထားသူမရဲ့SYKO စပို့ရှပ်လေးတွေကို ပြန်လည်​စတင်ရောင်းချတော့မယ့်လို့ အသိပေးခဲ့တာပါ။

သူမရဲ့SYKO pageကနေ ပြန်လည်ပြီးစတင်ရောင်းချနေပြီဖြစ်တာကြောင့် ဖွေးစိန်လေးကို ချစ်တဲ့ပရိသတ်တွေ လည်းအားပေးဝန်းရံခဲ့ကြပါဦးCeleGabar ပရိသတ်ကြီးရေ။

Credit- CeleGabar
Source- phwayPhway

zawgyi

ပရိသတ္ႀကီးေရ ေဖြးေဖြးကေတာ့ အကယ္ဒမီသုံးဆု ပိုင္ရွင္မင္းသမီးတစ္လက္ပါ။ ႐ုပ္ရွင္ဇာတ္ကားတိုင္းကို စိတ္ႏွစ္ၿပီး ရိုက္ကူးတတ္တဲ့ေဖြးေဖြးကိုပရိသတ္​ေတြကခ်စ္စနိုးနဲ႔ေဖြးစိန္ေလးလို႔လည္းေခၚၾကပါေသးတယ္။ သူမရိုက္ကူးလိုက္တဲ့ ဇာတ္ကားတိုင္းမွာ ဘယ္လိုဇာတ္႐ုပ္လာလာပီျပင္ေအာင္သ႐ုပ္ေဆာင္နိုင္တဲ့ထိပ္တန္းမင္းသမီးတစ္လက္ပါ။

က်ရာဇာတ္ေကာင္ကို ပီျပင္ေအာင္ ႀကိဳတင္ျပင္ဆင္မႈေတြ နဲ႔အတူ စိတ္ေရာလူေရာ အားထည့္ကာ အျမဲ ႀကိဳတင္ျပင္ဆင္မႈေတြ နဲ႔အႏုပညာဝမ္းစာကို အျပည့္ျဖည့္တတ္သူပဲ ျဖစ္ၿပီး အႏုပညာအလုပ္အေပၚ ဝါသနာႀကီး သူတစ္ေယာက္ျဖစ္တဲ့ ေဖြးစိန္ေလးကေတာ့အခုခ်ိန္ မွာအႏုပညာအလုပ္ေတြကို ရပ္နားထားေပမယ့္ သူမနာမည္နဲ႔ ကိုယ္တိုင္ထုတ္လုပ္ထားသူမရဲ့SYKO စပို႔ရွပ္ေလးေတြကို ျပန္လည္​စတင္ေရာင္းခ်ေတာ့မယ့္လို႔ အသိေပးခဲ့တာပါ။

သူမရဲ့SYKO pageကေန ျပန္လည္ၿပီးစတင္ေရာင္းခ်ေနၿပီျဖစ္တာေၾကာင့္ ေဖြးစိန္ေလးကို ခ်စ္တဲ့ပရိသတ္ေတြ လည္းအားေပးဝန္းရံခဲ့ၾကပါဦးCeleGabar ပရိသတ္ႀကီးေရ။

Credit- CeleGabar
Source- phwayPhway