ပရိသတ်ကြီးရေ စစ်လွန်းဝတီထက်ကတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ ဝါရင့်ထိပ်တန်းအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ထက်ထက်မိုးဦးရဲ့ သမီးလေးပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖခင်ဖြစ်သူစိုင်းလွှမ်းနဲ့ တူတူနေထိုင်ပြီး လိမ္မာရေးချားရှိတဲ့ သမီးလေးအဖြစ်နဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားခဲ့ပါသေးတယ်။

စစ်လွန်းဝတီထက်လေးကတော့ လတ်တလောမှာ သူ့ရဲ့ကိုယ်ပိုင်စီးပွားရေးလေးတစ်ခုကို လုပ်ဆောင်ဖို့ စီစဉ်နေကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးကြေညာလာခဲ့ပါတယ်။ “တချို့ရေမွှေး တော်တော်များများက ခလေးငယ်လေးတွေအတွက် ရှူမိတဲ့အခါ အဆိပ်အတောက်ဖြစ်မူးဝေစေတတ်တယ် တဲ့။ အဲ့ဒါကြောင့် ကလေးလေးတွေ ရှူမိရင်လည်း အန္တရာယ်မဖြစ်တဲ့အပြင် ကလေးလေးတွေပါ သုံးလို့ရတဲ့ ရေမွှေးကို သမီး ထုတ်လုပ်ဖို့စဉ်းစားမိတယ်။” ဆိုပြီး ကလေးတွေပါ သုံးလို့ရတဲ့ ရေမွှေးလေးကို ထုတ်လုပ်ဖို့ စိတ်ကူးနေကြောင်းရေးသားဖော်ပြထားခဲ့ပါတယ်။

လက်ရှိမှာတော့ အကောင်အထည်ဖော်ဖို့ ဖခင်ဖြစ်သူနဲ့ တိုင်ပင်ပြီး လုပ်ဆောင်သင့်တာတွေလုပ်ဆောင်နေပြီမို့ မကြာခင်မှာ ပရိသတ်တွေနဲ့ မိတ်ဆက်ပေးပါမယ်တဲ့။ ပရိသတ်ကြီးရေ ဒါလေးကတော့ စစ်လွန်းဝတီထက်ရဲ့ ကိုယ်ပိုင်စိတ်ကူးလေးနဲ့ လုပ်ဖြစ်တာပါတဲ့ ။ တကယ်ကိုပဲအရွယ်နဲ့မလိုက်အောင်ကို တော်လိုက်တာနော်။

Source – Sis Loon Wati Htet
Credit – CeleZone

zawgyi




Credit – CeleZone