သရုပ်ဆောင် မော်ဒယ်လ် ပိုင်တံခွန်ကတော့ နိုင်ငံရေး လှုပ်ရှားမှုကြောင့် မတရားဖမ်းစီးခံခဲ့ရပြီး ထောင်ဒဏ် (၃) နှစ် ချမှတ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ ဒါပေမယ့် စကစရဲ့ အနုပညာဖြင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များမှာ ပါဝင်နိုင်ဖို့ဆိုတဲ့ အကြောင်းပြချက် နဲ့ ပိုင်တံခွန်ဟာ ပြီးခဲ့တဲ့ မတ်လ (၂) ရက်နေ့မှာ လွတ်မြောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန် လွတ်မြောက်လာခြင်း အတွက် ပရိသတ်တွေက ဝမ်းသာနေကြသလို ပိုင်တံခွန်ကလည်း လပေါင်းများစွာဝေးကွာနေတဲ့ ပရိသတ်တွေနဲ့ အမြန်ဆုံး ပြန်လည် ဆုံတွေ့မယ့် အကြောင်းကို ပြောလာပါတယ်။

ပိုင်တံခွန်က “ကျွန်တော် ( ၂၀) ရက်နောက်ပိုင်း အရင်လို ပရိသတ်တွေနဲ့ အပြင်မှာရော အလုပ်တွေ မှာရော ရင်းရင်းနှီးနှီး ပြန်ဆုံပါ့မယ်။ နဲနဲလေး အသားမကျသေးလို့ပါ။ သတိတရနဲ့ အားလုံး ကို လေးစား လျှက်ပါ။ “ဆိုပြီး သူ့ရဲ့ ဖေ့စ် ဘုတ်ပေ့ချ် Story ကနေ လေးစားစွာ အသိပေး လာခဲ့တာကို တွေ့ရပါတယ်။

ပိုင်တံခွန်ကတော့ လပေါင်းများစွာ အကျဉ်းကျခံရပြီးတဲ့ နောက် သူမြတ်နိုးတဲ့ အလုပ်တွေ သူချစ်တဲ့ ပရိသတ်တွေနဲ့ အမြန်ဆုံးထိ တွေ့နိုင်ဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ပိုင်တံခွန် ကို အရင်လို အလုပ်တွေ လုပ်ပြီး ပျော်ပျော် ရွှင်ရွှင် မြင်ချင်နေကြပြီထင်ပါ တယ်နော်။

Source: Paing Takhon
Credit ; Myanmar Celebrities

ZAWGYI

သ႐ုပ္ေဆာင္ ေမာ္ဒယ္လ္ ပိုင္တံခြန္ကေတာ့ နိုင္ငံေရး လႈပ္ရွားမႈေၾကာင့္ မတရားဖမ္းစီးခံခဲ့ရၿပီး ေထာင္ဒဏ္ (၃) ႏွစ္ ခ်မွတ္ခံခဲ့ရတာပဲျဖစ္ပါတယ္။ ဒါေပမယ့္ စကစရဲ့ အႏုပညာျဖင့္ နိုင္ငံတည္ေဆာက္ေရး လုပ္ငန္းစဥ္မ်ားမွာ ပါဝင္နိုင္ဖို႔ဆိုတဲ့ အေၾကာင္းျပခ်က္ နဲ႔ ပိုင္တံခြန္ဟာ ၿပီးခဲ့တဲ့ မတ္လ (၂) ရက္ေန႔မွာ လြတ္ေျမာက္လာခဲ့တာပဲ ျဖစ္ပါတယ္။ ပိုင္တံခြန္ လြတ္ေျမာက္လာျခင္း အတြက္ ပရိသတ္ေတြက ဝမ္းသာေနၾကသလို ပိုင္တံခြန္ကလည္း လေပါင္းမ်ားစြာေဝးကြာေနတဲ့ ပရိသတ္ေတြနဲ႔ အျမန္ဆုံး ျပန္လည္ ဆုံေတြ႕မယ့္ အေၾကာင္းကို ေျပာလာပါတယ္။

ပိုင္တံခြန္က “ကၽြန္ေတာ္ ( ၂၀) ရက္ေနာက္ပိုင္း အရင္လို ပရိသတ္ေတြနဲ႔ အျပင္မွာေရာ အလုပ္ေတြ မွာေရာ ရင္းရင္းႏွီးႏွီး ျပန္ဆုံပါ့မယ္။ နဲနဲေလး အသားမက်ေသးလို႔ပါ။ သတိတရနဲ႔ အားလုံး ကို ေလးစား လၽွက္ပါ။ “ဆိုၿပီး သူ႔ရဲ့ ေဖ့စ္ ဘုတ္ေပ့ခ်္ Story ကေန ေလးစားစြာ အသိေပး လာခဲ့တာကို ေတြ႕ရပါတယ္။

ပိုင္တံခြန္ကေတာ့ လေပါင္းမ်ားစြာ အက်ဥ္းက်ခံရၿပီးတဲ့ ေနာက္ သူျမတ္နိုးတဲ့ အလုပ္ေတြ သူခ်စ္တဲ့ ပရိသတ္ေတြနဲ႔ အျမန္ဆုံးထိ ေတြ႕နိုင္ဖို႔ ႀကိဳးစားေနတာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးကလည္း ပိုင္တံခြန္ ကို အရင္လို အလုပ္ေတြ လုပ္ၿပီး ေပ်ာ္ေပ်ာ္ ရႊင္ရႊင္ ျမင္ခ်င္ေနၾကၿပီထင္ပါ တယ္ေနာ္။

Source: Paing Takhon
Credit ; Myanmar Celebrities