ပရိသတ်ကြီးရေ သန္တာဗိုလ် ကတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ ရုပ်ရှင်နဲ့ ဗီဒီယို မင်းသမီး ချောရတနာရဲ့ ညီမဖြစ်သူပဲဖြစ်ပါတယ်။ သန္တာဗိုလ် ကိုယ်တိုင်လည်း အနုပညာအလုပ်တွေ လုပ်ကိုင်နေခဲ့ပြီး မြန်မာနိုင်ငံရဲ့ စူပါမော်ဒယ်လ် တစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့သူပဲဖြစ်ပါတယ်။

သန္တာဗိုလ်ကတော့ မနေ့က ဇူလိုင်လ (၇)ရက်နေ့မှာ မွန်မြတ်လှတဲ့ အလှူဒါနလေး တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အလှူဒါနလေးကတော့ ကွယ်လွန်သွားတာ (၂)နှစ်နဲ့ (၃)လပြည့်သွားခဲ့ပြီဖြစ်တဲ့ မိခင်ကြီးအတွက် ရည်စူးပြီး မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာရှိတဲ့ သမိုင်းဝင်ရွှေစာရံ စေတီတော်မြတ်ကြီးရဲ့ လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်အလှူမှာ ပါဝင်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

ရွှေစာရံစေတီတော်ရဲ့ ရွှေသင်္ကန်း ကပ်အလှူမှာ ရွှေသင်္ကန်း(၅)ချပ်စာအတွက် အလှူငွေ (၅)သောင်းကျပ်တိတိကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ CeleZone ပရိသတ်ကြီးရေ သန္တာဗိုလ်ကတော့ မိခင်ကြီးအပေါ်မှာ တကယ်ကို သိတတ် လိမ္မာလွန်းလှတဲ့ သမီးလိမ္မာလေးတစ်ယောက်ပါပဲနော်။

Credit – CeleZone

zawgyi




Credit – CeleZone