ပရိတ်သတ်ကြီးရေ…. သားညီဟာဆိုရင် အစ်ကိုဖြစ်သူဒွေ းနဲ့အတူ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေရို်က်ကူးရင်း ပရိတ်သတ်အခိုင်အမာရရှိထားတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်နော်။သားညီက ဦးလေးဖြစ်သူ အကယ်ဒမီ ကျော်ဟိန်းနဲ့ အစ်ကိုရင်းဖြစ်သူ အကယ်ဒမီဒွေးတို့ရဲ့ဖေးမမှုတွေကြောင့် အခုဆိုရင် နိုင်ငံကျော် ဒါရိုက်တာ တစ်ယောက်အဖြစ်အနုပညာလောကမှာ အောင်မြင်နေပြီပဲဖြစ်ပါတယ်နော်။
မနက်ဖြန်ဇူလိုင်လ (၁၁)ရက်နေ့ဟာဆိုရင် ပရိတ်သတ်တွေ အားပေးချစ်ခင်ခဲ့ရတဲ့ အကယ်ဒမီဒွေးကွယ်လွန်ခဲ့တာ (၁၅) နှစ်တိတိရှိခဲ့ပြီဖြစ်တဲ့အပြင်သဘာဝမင်းကြီးအကယ်ဒမီကျော်ဟိန်း ကွယ်လွန်တာ (၂) နှစ်တိတိပြည့်ခဲ့ပြီဖြစ်ပါတယ်။ကွယ်လွန်သွာ းပြီဖြစ်တဲ့ ဦးလေးဖြစ်ူနဲ့ အစ်ကိုဖြစ်သူတို့အတွက် တတ်နိုင်သမျှအလှူအတန်းလေးတွေပြုလုပ်ပေးနေကြောင်းကို “တတ်နိုင်သလောက်ကုသိုလ်လေးပါ။ တစ်ယောက်က 15 နှစ်။ တစ်ယောက်က 2 နှစ်။ ပြုသမျှကုသိုလ် အမျှ ပေးပါတယ်ဗျာ။ ဦးကျော် နဲ့ အစ်ကို ရောက်ရာ ဘုံဘဝတွေကနေ သာဓုခေါ်ဆိုနိုင်ပါစေ …” ဆိုပြီးသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်။
ကွယ်လွန်သွားတာနှစ်တွေကြာနေပြီဆိုပေမယ့်လည်းယနေ့ထိတိုင်မမေ့မလျော့ပဲ လက်ဦးဆရာသမားတွေ ဖြစ်ခဲ့တဲ့ အစ်ကိုနဲ့ ဦးလေးအတွက် အလှူအတန်းတွေပြုလုပ်ပေးနေတဲ့ သားညီကိုလည်း သာဓုအကြိမ်ကြိမ်ခေါ်ဆိုပါတယ်နော်…။ဦးကျော်ဟိန်နဲ့ ဒွေးလည်း ကိုသားညီ ပြုပြုသမျှကုသိုလ်တွေကို ရောက်ရာဘုံဘဝကနေ သာဓုခေါ်ဆိိုနိုင်ပါစေနော်..
Source: Thar Nyi’s fb
Credit
zawgyi
Source: Thar Nyi’s fb
Credit