ပရိသတ်ကြီးရေ ကိုသားကြီးလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ ခေါ်ဆိုကြတဲ့ သရုပ်ဆောင် ဒွေးကတော့ ဒီနေ့ ဇူလိုင်လ (၁၁)ရက်နေ့မှာ ကွယ်လွန်သွားတာ (၁၅)နှစ်ပြည့်မြောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါ့အပြင် စွယ်စုံရဝါရင့် အနုပညာရှင်ကြီးဖြစ်တဲ့ ဦးကျော်ဟိန်းကွယ်လွန်သွားတာလည်း ဒီနေ့မှာဆို (၂)နှစ်ပြည့်မြောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။

သာသနာ့ဘောင်ကို အရှင်ဇောတိကဘွဲ့နဲ့ ဝင်ရောက်နေ ခဲ့တဲ့ သရုပ်ဆောင် ဇွဲနိုင်ဝင်းကတော့ ဒီနေ့မှာ ကွယ်လွန်ခြင်း နှစ်ပတ်လည်တွေကျရောက်တဲ့ ဒွေးနဲ့ ဦးကျော်ဟိန်းတို့ အတွက်ရည်စူးပြီးကောင်းမှု တွေပြုလုပ်ခဲ့ကြောင်း “နက်ဖြန် ကိုသားကြီး နှင့် ဦးကျော် တို့အတွက်ရည်စူးပြီး နေ့လည်အဟာရဆွမ်း ကို လှည်းကူးမြို့၊ အမြန်လမ်း (၇)မိုင် (၆)ဖာလုံ ရတနာအောင်မြေကျောင်းတိုက် ရိပ်သာ၌ တရားစခန်း ဝင်နေကြသော သံဃာတော်များ ဆရာလေးများ ယောဂီများ အားလုံးကို ကျွန်တော် အဟာရ မုန့် ဆွမ်းများကို ဒါနကုသိုလ်ပြု ဆက်ကပ် လှူဒါန်းမည်ဖြစ်ပါသည်။

အစ်ကို နှင့် ဦးကျော် တို့ သာဓု ခေါ်နိုင်ပါစေ။ နတ်လူ သတ္တဝါများ အားလုံးလည်း မေတ္တာရှေ့ထား မုဒိတာပွားများပြီး သာဓု ခေါ်ဆိုနိုင်ကြပါစေလို့ ဆုတောင်းပါတယ် ခင်ဗျာ ။ သာဓု သာဓု သာဓု ကျေးဇူးရှင် ဆရာသမားများကို ရိုသေ လေးစားချစ်ခင်စွာဖြင့် ဦးဇောတိက (ခ) ဇွဲနိုင်ဝင်း ” ဆိုပြီးသူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါတယ် ။

Credit – CeleZone
Source – Zwe Naing Win

zawgyi

Vedio ၾကည့္ရန္

ပရိသတ္ႀကီးေရ ကိုသားႀကီးလို႔ ပရိသတ္ေတြ ခ်စ္စနိုးနဲ႔ ေခၚဆိုၾကတဲ့ သ႐ုပ္ေဆာင္ ေဒြးကေတာ့ ဒီေန႔ ဇူလိုင္လ (၁၁)ရက္ေန႔မွာ ကြယ္လြန္သြားတာ (၁၅)ႏွစ္ျပည့္ေျမာက္သြားခဲ့ၿပီပဲျဖစ္ပါတယ္။ ဒါ့အျပင္ စြယ္စုံရဝါရင့္ အႏုပညာရွင္ႀကီးျဖစ္တဲ့ ဦးေက်ာ္ဟိန္းကြယ္လြန္သြားတာလည္း ဒီေန႔မွာဆို (၂)ႏွစ္ျပည့္ေျမာက္သြားခဲ့ၿပီပဲျဖစ္ပါတယ္။

သာသနာ့ေဘာင္ကို အရွင္ေဇာတိကဘြဲ႕နဲ႔ ဝင္ေရာက္ေန ခဲ့တဲ့ သ႐ုပ္ေဆာင္ ဇြဲနိုင္ဝင္းကေတာ့ ဒီေန႔မွာ ကြယ္လြန္ျခင္း ႏွစ္ပတ္လည္ေတြက်ေရာက္တဲ့ ေဒြးနဲ႔ ဦးေက်ာ္ဟိန္းတို႔ အတြက္ရည္စူးၿပီးေကာင္းမႈ ေတြျပဳလုပ္ခဲ့ေၾကာင္း “နက္ျဖန္ ကိုသားႀကီး ႏွင့္ ဦးေက်ာ္ တို႔အတြက္ရည္စူးၿပီး ေန႔လည္အဟာရဆြမ္း ကို လွည္းကူးၿမိဳ႕၊ အျမန္လမ္း (၇)မိုင္ (၆)ဖာလုံ ရတနာေအာင္ေျမေက်ာင္းတိုက္ ရိပ္သာ၌ တရားစခန္း ဝင္ေနၾကေသာ သံဃာေတာ္မ်ား ဆရာေလးမ်ား ေယာဂီမ်ား အားလုံးကို ကၽြန္ေတာ္ အဟာရ မုန႔္ ဆြမ္းမ်ားကို ဒါနကုသိုလ္ျပဳ ဆက္ကပ္ လႉဒါန္းမည္ျဖစ္ပါသည္။

အစ္ကို ႏွင့္ ဦးေက်ာ္ တို႔ သာဓု ေခၚနိုင္ပါေစ။ နတ္လူ သတၱဝါမ်ား အားလုံးလည္း ေမတၱာေရွ႕ထား မုဒိတာပြားမ်ားၿပီး သာဓု ေခၚဆိုနိုင္ၾကပါေစလို႔ ဆုေတာင္းပါတယ္ ခင္ဗ်ာ ။ သာဓု သာဓု သာဓု ေက်းဇူးရွင္ ဆရာသမားမ်ားကို ရိုေသ ေလးစားခ်စ္ခင္စြာျဖင့္ ဦးေဇာတိက (ခ) ဇြဲနိုင္ဝင္း ” ဆိုၿပီးသူ႔ရဲ့ လူမႈကြန္ရက္စာမ်က္ႏွာကေန မၽွေဝေဖာ္ျပထားခဲ့ပါတယ္ ။

Credit – CeleZone
Source – Zwe Naing Win