ပရိသတ်ကြီးရေ ဆုထက်လှိုင် ကတော့ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး တစ်လက်ပဲဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့ပြီး လတ်တလော ထုတ်လွှင့်ပြသနေတဲ့ “ဒေါင်းယာဥင်္ပျံဘုံနဘေး စာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲထဲမှာလည်း “မမဦး” ဆိုပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိနေခဲ့ပါသေးတယ်။

ဆုထက်လှိုင်ကတော့ မနေ့က ဇူလိုင်လ (၁၇)ရက်နေ့မှာတော့ မွန်မြတ်လှတဲ့ အလှူဒါနလေး တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဆုထက်လှိုင်ကတော့ ပရိသတ်အချစ်တော် ခိုင်နှင်းဝေရဲ့ ခိုင်နှင်းဝေ ရင်ခွင်ရိပ်မြုံဂေဟာမှာ ကလေးတွေအတွက် လိုအပ်တဲ့ နေရာတွေမှာ အသုံးပြုနိုင်ဖို့ အလှူငွေ (၂)သိန်းကျပ်ကို သူကိုယ်တိုင်သွားရောက်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

သာဓု သာဓု သာဓု ပါ မမဦးရေ နောက်နောင်ကိုလည်း အခုထက်မက လှူဒါန်းနိုင်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုလည်း ဒီထက်မက ပိုမိုရရှိပါစေလို့ကနေ မွေးနေ့ဆုမွန်ကောင်းတောင်း ပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးတွေလည်း မမဦးရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Credit – CeleZone
Source – ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ




Credit – CeleZone