အဆိုတော်အိမ့်ချစ် ကတော့ ဆယ်ကျော်သက်အရွယ်ကတည်းက ဂီတလောက ကို ဝင်ရောက်လာသူ တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူရဲ့ ဂီတအမွေကို အပြည့်အဝ ဆက်ခံရရှိထားတာလည်း ဖြစ်ပါတယ်။ သူမရဲ့ အသံလေးကလည်း နားဆင်သူတိုင်းရဲ့ ရင်ထဲထိရောက်သွားအောင်ကို အသံပါဝါအားကောင်းလွန်းတာပါ ။သီချင်းကောင်းလေးတွေ ဖန်တီးတတ်ပြီး ပရိသတ်တွေရဲ့ အချစ်တော်လေး ဖြစ်နေတဲ့ သူမက လူငယ်ပရိသတ်တွေကြား ရေပန်းစား ကျော်ကြားနေတဲ့ အမျိုးသမီး အဆိုတော်မလေးတစ်ဦးပါ ။

လက်ရှိမှာတော့ အိမ့်ချစ်က သူမအရမ်းချစ်ရတဲ့ ချစ်သူနဲ့ အတူတူ သာယာပျော်ရွှင်စရာ မိသားစု ဘဝလေးကို ဖြတ်သန်းနေတာဖြစ်ပါတယ်။မကြာခဏဆိုသလို လှုပ်ရှားမှု ပုံလေးတွေကိုလည်း အမြဲဖော်ပြပေးလေ့ ရှိပါတယ် ။

ယနေ့ဩဂုတ်လ ၆ ရက်နေ့ နံနက် ၇ နာရီ ၁၃ မိနစ်မှာ အဆိုတော်အိမ့်ချစ်အနေနဲ့ သမီးဦးလေးအမရာကို အာယုဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပြီးသမီးလေး အမရာမှာ ၆ ပေါင် ၁၂ အောင်စရှိကာမိခင်ရောကလေးပါကျန်းမာစွာရှိကြောင်းသိရပါတယ်။ မေမေအိမ့်ချစ်ကို ချစ်သလို အခုလိုကျန်းကျန်းမာမာနဲ့မွေးဖွားလာတဲ့ အမရာလေးကိုလည်းချစ်ပေးကြပါအုံးပရိတ်သတ်ကြီးရေ….။

Credit

zawgyi

အဆိုေတာ္အိမ့္ခ်စ္ ကေတာ့ ဆယ္ေက်ာ္သက္အရြယ္ကတည္းက ဂီတေလာက ကို ဝင္ေရာက္လာသူ တစ္ဦးျဖစ္ၿပီး ဖခင္ျဖစ္သူရဲ့ ဂီတအေမြကို အျပည့္အဝ ဆက္ခံရရွိထားတာလည္း ျဖစ္ပါတယ္။ သူမရဲ့ အသံေလးကလည္း နားဆင္သူတိုင္းရဲ့ ရင္ထဲထိေရာက္သြားေအာင္ကို အသံပါဝါအားေကာင္းလြန္းတာပါ ။သီခ်င္းေကာင္းေလးေတြ ဖန္တီးတတ္ၿပီး ပရိသတ္ေတြရဲ့ အခ်စ္ေတာ္ေလး ျဖစ္ေနတဲ့ သူမက လူငယ္ပရိသတ္ေတြၾကား ေရပန္းစား ေက်ာ္ၾကားေနတဲ့ အမ်ိဳးသမီး အဆိုေတာ္မေလးတစ္ဦးပါ ။

လက္ရွိမွာေတာ့ အိမ့္ခ်စ္က သူမအရမ္းခ်စ္ရတဲ့ ခ်စ္သူနဲ႔ အတူတူ သာယာေပ်ာ္ရႊင္စရာ မိသားစု ဘဝေလးကို ျဖတ္သန္းေနတာျဖစ္ပါတယ္။မၾကာခဏဆိုသလို လႈပ္ရွားမႈ ပုံေလးေတြကိုလည္း အျမဲေဖာ္ျပေပးေလ့ ရွိပါတယ္ ။

ယေန႔ဩဂုတ္လ ၆ ရက္ေန႔ နံနက္ ၇ နာရီ ၁၃ မိနစ္မွာ အဆိုေတာ္အိမ့္ခ်စ္အေနနဲ႔ သမီးဦးေလးအမရာကို အာယုေဆး႐ုံမွာ ေမြးဖြားခဲ့တာျဖစ္ၿပီးသမီးေလး အမရာမွာ ၆ ေပါင္ ၁၂ ေအာင္စရွိကာမိခင္ေရာကေလးပါက်န္းမာစြာရွိေၾကာင္းသိရပါတယ္။ ေမေမအိမ့္ခ်စ္ကို ခ်စ္သလို အခုလိုက်န္းက်န္းမာမာနဲ႔ေမြးဖြားလာတဲ့ အမရာေလးကိုလည္းခ်စ္ေပးၾကပါအုံးပရိတ္သတ္ႀကီးေရ….။

Credit