ပရိသတ်ကြီးရေ ဖေဖော်ဝါရီလကနေစပြီး ဆန္ဒပြဖော်ထုတ်မှုများအပြီးမှာ နိုင်ငံကျော် အနုပညာရှင် တော်တော်များများဟာလည်း၅၀၅ (က/ခ)နဲ့ ဖမ်းဝရမ်းထုတ်ကာ ဖမ်းဆီးချုပ်နှောင်ခံရသူများလည်းရှိပါတယ်။ဖမ်းဝရမ်းထုတ်ခံရပြီးနောက်မှာ တိမ်းရှောင်နေတဲ့ အနုပညာရှင်တွေလည်း များစွာရှိခဲ့တာပါ။

ဖမ်းဆီးခံခဲ့ရတဲ့ နာမည်ကြီးအနုပညာရှင်တွေထဲမှာ ပိုင်တံခွန်လည်းပါဝင်ခဲ့တာပါ။ ပိုင်တံခွန် ကတော့ အာရှတစ်ခွင်မှာသာမက အနောက်နိုင်ငံတွေထိပါ အောင်မြင်ကျော်ကြားနေတဲ့ မော်ဒယ်လ်မင်းသားတစ်လက် ဖြစ်တာကြောင့်သူပြန်လည်လွတ်မြောက်လာချိန်မှာ နိုင်ငံအရပ်ရပ်ကပရိသတ်တွေကလည်း ဝမ်းသာခဲ့ကြတာပါ။

အမြဲမိဘနှစ်ပါးအပေါ် သိတတ်လိမ္မာက အလုပ်တွေများစွာလုပ်ကိုင် ဖြစ်ခဲ့တဲ့အချိန်မှာလည်းမိဘနှစ်ပါးကိုလိုလေသေးမရှိ ထောက်ပံ့ခဲ့တဲ့ပိုင်တံခွန်ကတော့ ဒီနေ့မှာ”ကိုယ် ဒုက္ခရောက်တဲ့အချိန်ဆို ကိုယ့်မိဘကို အရင် စိတ်ပူတယ် ငါမရှိရင် ငါမိဘတွေ ဘယ်လိုနေမလဲဆိုပြီး”ဆိုတဲ့စာလေးနဲ့ အတူ လွန်ခဲ့တဲ့၂နှစ်က မိဘနှစ်ပါးကို surpriseပြုလုပ်ခဲ့တဲ့ videoဖိုင်လေးကိုပြန်လည်shareကာ ရင်တွင်းစကားလေးကို ပြောကြားခဲ့တာပါ။ ပရိသတ်တွေလည်း ပိုင်တံခွန်ရဲ့မိဘအပေါ်သိတတ်လွန်းတဲ့ စိတ်ထားလေးကို လေးစားချီးကျူးကြမယ်လို့ထင်ပါတယ်နော်။

Credit-CeleGabar

zawgyi
ပရိသတ္ႀကီးေရ ေဖေဖာ္ဝါရီလကေနစၿပီး ဆႏၵျပေဖာ္ထုတ္မႈမ်ားအၿပီးမွာ နိုင္ငံေက်ာ္ အႏုပညာရွင္ ေတာ္ေတာ္မ်ားမ်ားဟာလည္း၅၀၅ (က/ခ)နဲ႔ ဖမ္းဝရမ္းထုတ္ကာ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံရသူမ်ားလည္းရွိပါတယ္။ဖမ္းဝရမ္းထုတ္ခံရၿပီးေနာက္မွာ တိမ္းေရွာင္ေနတဲ့ အႏုပညာရွင္ေတြလည္း မ်ားစြာရွိခဲ့တာပါ။

ဖမ္းဆီးခံခဲ့ရတဲ့ နာမည္ႀကီးအႏုပညာရွင္ေတြထဲမွာ ပိုင္တံခြန္လည္းပါဝင္ခဲ့တာပါ။ ပိုင္တံခြန္ ကေတာ့ အာရွတစ္ခြင္မွာသာမက အေနာက္နိုင္ငံေတြထိပါ ေအာင္ျမင္ေက်ာ္ၾကားေနတဲ့ ေမာ္ဒယ္လ္မင္းသားတစ္လက္ ျဖစ္တာေၾကာင့္သူျပန္လည္လြတ္ေျမာက္လာခ်ိန္မွာ နိုင္ငံအရပ္ရပ္ကပရိသတ္ေတြကလည္း ဝမ္းသာခဲ့ၾကတာပါ။

အျမဲမိဘႏွစ္ပါးအေပၚ သိတတ္လိမၼာက အလုပ္ေတြမ်ားစြာလုပ္ကိုင္ ျဖစ္ခဲ့တဲ့အခ်ိန္မွာလည္းမိဘႏွစ္ပါးကိုလိုေလေသးမရွိ ေထာက္ပံ့ခဲ့တဲ့ပိုင္တံခြန္ကေတာ့ ဒီေန႔မွာ”ကိုယ္ ဒုကၡေရာက္တဲ့အခ်ိန္ဆို ကိုယ့္မိဘကို အရင္ စိတ္ပူတယ္ ငါမရွိရင္ ငါမိဘေတြ ဘယ္လိုေနမလဲဆိုၿပီး”ဆိုတဲ့စာေလးနဲ႔ အတူ လြန္ခဲ့တဲ့၂ႏွစ္က မိဘႏွစ္ပါးကို surpriseျပဳလုပ္ခဲ့တဲ့ videoဖိုင္ေလးကိုျပန္လည္shareကာ ရင္တြင္းစကားေလးကို ေျပာၾကားခဲ့တာပါ။ ပရိသတ္ေတြလည္း ပိုင္တံခြန္ရဲ့မိဘအေပၚသိတတ္လြန္းတဲ့ စိတ္ထားေလးကို ေလးစားခ်ီးက်ဴးၾကမယ္လို႔ထင္ပါတယ္ေနာ္။

Credit-CeleGabar