ပရိသတ်ကြီးရေ ခင်ဝင့်ဝါကတော့ အနုပညာ လောကထဲကို အလှမယ်အနေနဲ့ ဝင်ရောက်ခဲ့ကာ အမျိုးသားပရိသတ်တွေရဲ့အားပေးဝန်းရံမှု အမြင့်တက်ဆုံးမင်းသမီးထဲကတစ်လက်ပါ…။ ခင်ဝင့်ဝါကတော့ ဇာတ်ကားတိုင်းရဲ့ ကျရာဇာတ်ရုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်မှုတွေကြောင့် အနုပညာလောကမှာ အောင်မြင်လာတဲ့ သရုပ်ဆောင်မင်းသမီး တစ်ဦးလို့လည်းဆိုရမှာပါ…။

ပုဒ်မ ၅၀၅ နဲ့ စွဲဆိုခံရပြီးနောက်ခံဝန်ထိုးကာ ပရိသတိ တွေရှေ့ပြန်လည်ရောက်ရှိလာတဲ့ ခေးကတော့ ခုနောက်ပိုင်း photo shooting တွေရိုက်ကူးလျက်ရှိတာပါ…။ ကုသိုလ်ရေးတွေကိုလည်း ဦးစားပေးပြုလုပ်ကာ နိုင်သလောက် အလှူအတန်းတွေလည်း ဆက်တိုက်ပြုလုပ်နေသူလေးပါနော်…။

ဒီနေ့မှာလည်း”သားသမီး (၇) ယောက်ရှိပေမယ့် တစ်ယောက်တည်း စက်ဘီးတစ်စီးနဲ့ နေပူမိုးရွာမရှောင် မုန့်ဖက်ထုတ်လှည့်ရောင်းနေရင်း အိမ်စားရိတ်နဲ့ မြေးလေးကျောင်းစားရိတ်ကို ခက်ခက်ခဲခဲ ရှာဖွေနေရတဲ့ အဖွား…..မြောက်ဒဂုံမြို့နယ်မှ အသက် (၇၂) နှစ်အရွယ် မုန့်ဖက်ထုတ်ရောင်းတဲ့ အဖွားနဲ့ ဘုန်းတော်ကြီးသင်ကျောင်းမှာ (၇) တန်းတက်ရောက်မယ့် မြေးလေးကို ခင်ဝင့်ဝါ ကိုယ်တိုင် အစားအသောက် ကျောင်းစာအုပ်တွေနဲ့ ငွေကြေးအချို့ကို တတ်နိုင်သလောက် လှူဒါန်းခဲ့တဲ့ Video လေးကို အားလုံးကြည့်ရှုပြီး စေတနာပွားများနိုင်အောင် မျှဝေပေးလိုက်ပါတယ်နော်…”ဆိုတဲ့ စာလေးနဲ့အတူ ကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့တဲ့ video ဖိုင်လေးကိုတင်လာခဲ့တာပါ…။

Credit.Cele Gabar

zawgyi

ပရိသတ္ႀကီးေရ ခင္ဝင့္ဝါကေတာ့ အႏုပညာ ေလာကထဲကို အလွမယ္အေနနဲ႔ ဝင္ေရာက္ခဲ့ကာ အမ်ိဳးသားပရိသတ္ေတြရဲ့အားေပးဝန္းရံမႈ အျမင့္တက္ဆုံးမင္းသမီးထဲကတစ္လက္ပါ…။ ခင္ဝင့္ဝါကေတာ့ ဇာတ္ကားတိုင္းရဲ့ က်ရာဇာတ္႐ုပ္ကို ကၽြမ္းက်င္ပိုင္နိုင္စြာ သ႐ုပ္ေဆာင္နိုင္မႈေတြေၾကာင့္ အႏုပညာေလာကမွာ ေအာင္ျမင္လာတဲ့ သ႐ုပ္ေဆာင္မင္းသမီး တစ္ဦးလို႔လည္းဆိုရမွာပါ…။

ပုဒ္မ ၅၀၅ နဲ႔ စြဲဆိုခံရၿပီးေနာက္ခံဝန္ထိုးကာ ပရိသတိ ေတြေရွ႕ျပန္လည္ေရာက္ရွိလာတဲ့ ေခးကေတာ့ ခုေနာက္ပိုင္း photo shooting ေတြရိုက္ကူးလ်က္ရွိတာပါ…။ ကုသိုလ္ေရးေတြကိုလည္း ဦးစားေပးျပဳလုပ္ကာ နိုင္သေလာက္ အလႉအတန္းေတြလည္း ဆက္တိုက္ျပဳလုပ္ေနသူေလးပါေနာ္…။

ဒီေန႔မွာလည္း”သားသမီး (၇) ေယာက္ရွိေပမယ့္ တစ္ေယာက္တည္း စက္ဘီးတစ္စီးနဲ႔ ေနပူမိုးရြာမေရွာင္ မုန႔္ဖက္ထုတ္လွည့္ေရာင္းေနရင္း အိမ္စားရိတ္နဲ႔ ေျမးေလးေက်ာင္းစားရိတ္ကို ခက္ခက္ခဲခဲ ရွာေဖြေနရတဲ့ အဖြား…..ေျမာက္ဒဂုံၿမိဳ႕နယ္မွ အသက္ (၇၂) ႏွစ္အရြယ္ မုန႔္ဖက္ထုတ္ေရာင္းတဲ့ အဖြားနဲ႔ ဘုန္းေတာ္ႀကီးသင္ေက်ာင္းမွာ (၇) တန္းတက္ေရာက္မယ့္ ေျမးေလးကို ခင္ဝင့္ဝါ ကိုယ္တိုင္ အစားအေသာက္ ေက်ာင္းစာအုပ္ေတြနဲ႔ ေငြေၾကးအခ်ိဳ႕ကို တတ္နိုင္သေလာက္ လႉဒါန္းခဲ့တဲ့ Video ေလးကို အားလုံးၾကည့္ရႈၿပီး ေစတနာပြားမ်ားနိုင္ေအာင္ မၽွေဝေပးလိုက္ပါတယ္ေနာ္…”ဆိုတဲ့ စာေလးနဲ႔အတူ ကိုယ္တိုင္ သြားေရာက္လႉဒါန္းခဲ့တဲ့ video ဖိုင္ေလးကိုတင္လာခဲ့တာပါ…။

Credit.Cele Gabar