မင်းသမီး ခိုင်နှင်းဝေကတော့ အနုပညာ အလုပ်တွေထက် လူမှုရေးအကျိုးပြု ပရဟိတ လုပ်ငန်းတွေကို စိတ်ရောကိုယ်ပါ လုပ်ကိုင်နေသူဖြစ်ပြီး ဘဝကိုတန်ဖိုးရှိရှိ လျှောက်လှမ်းနေတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။

ဒါ့အပြင် မိဘမဲ့ ကလေးတွေကို မိဘရင်းသဖွယ် ကူညီ စောင့်ရှောက် ပေးနေတာ လည်းဖြစ်ပါ တယ်။ ရင်ခွင်ပိုက်အရွယ်လေးတွေနဲ့ မိဘရဲ့စွန့်ပစ်ခြင်းကိုခံလိုက်ရတဲ့ ကလေးတွေကို ပညာရေး ကျန်းမာရေးကအစ နွေးထွေးစွာ စောင့်ရှောက်ပေးရင်း ထွေးပွေ့ပေးထားသူ တစ်ယောက်ပါ ။

လတ်တလောမှာလည်း ဂေဟာမှာ စာတွေ သင်နေကြတဲ့ ကလေးတွေကို ကြည့်ပြီး ဝမ်းသာ ပီတိ မျက်ရည်ကျခဲ့ ရပုံလေးကို ဝေမျှလာပါတယ် ။ ကလေးတွေကလည်း စာတွေကို အမှားအယွင်းမရှိ လိုက်ဆိုနေကြတာ တကယ်ကို ချီးကျူးစရာပဲမို့ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင် စေရန် ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

Credit – Cele Zone

Photo – Khine Hnin Wai

zawgyi




Credit – Cele Zone

Photo – Khine Hnin Wai