ပရိသတ်ကြီးရေ မိတ်ကပ်လောကမှာ နာမည်ကြီး မိတ်ကပ်ပညာရှင်တစ်ယောက်အနေနဲ့ အောင်မြင်လှတဲ့ ညီညီမောင်(စမ်းချောင်း)ကိုတော့ ပရိသတ်တွေရင်နှီးချစ်ခင်ပြီးသားဖြစ်မှာပါနော်။ သုသုကတော့ ပျော်ပျော် နေတတ်ပြီး ဟာသဉာဏ်လည်းရွှင်လှတာကြောင့် ပရိသတ်တွေ အချစ်ပိုနေရတဲ့သူတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။

ဒီနေ့ ဇွန်လ (၃၀)ရက်နေ့လေးကတော့ ပရိသတ်တွေ ရဲ့ အချစ်တော်ဖြစ်တဲ့ သုသု့ရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ သုသုကတော့ ဒီနှစ်မွေးနေ့ရက်မြတ်လေးမှာ အသက် (၄၁)နှစ်ပြည့် မြောက်သွားခဲ့တာပဲဖြစ်တယ်လို့လည်း သိရှိရပါတယ်။ သုသုကတော့ ဒီနေ့သူ့ရဲ့မွေးနေ့ကောင်းမှုအနေနဲ့ ဆရာတော်အရှင်သီရိ စန္ဒသူရိယကို ဆွမ်းနဲ့ သင်္ကန်းကပ်လှူဒါန်းခဲ့ပါတယ်။

Happy Birthday ပါ သုသုရေ.. မွေးနေ့က စစိတ်ချမ်းသာကိုယ်ကျန်းမာပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ပိုမိုရရှိနိုင်ပါစေလို့ CeleGabar ကနေ သု့အတွက် မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးတွေလည်း သုသုရဲ့ မွေးနေ့ အလှူလေးကို သာဓုခေါ် ပြီးမွေးနေ ဆုတောင်းလေးတွေ ဆုတောင်းပေးခဲ့ပါဦးနော်။

Credit– CeleGabar

zawgyi




Credit– CeleGabar