


Credit-Yaungchi

Photo – San htate Htar Oo

ခိုင်သင်းကြည်ကတော့ သာယာချမ်းမြေ့ဖွယ်မိသားစုဘဝလေးကို တည်ထောင်ထားတာဖြစ်ပြီး ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတဲ့သမီးလေးစံထိပ်ထားဦးကိုလည်း ပိုင်ဆိုင်ထားတာပါ။ ထိပ်ထိပ်လေးကလည်း ပညာရေးဘက်မှာလည်း ထူးချွန်တဲ့ သူ‌လေးဖြစ်ပြီး ဖေဖေနဲ့ေ မမေအမြဲဂုဏ်ယူနေရတဲ့သူလေးပါ။

စံထိပ်ထားဦးက အခုလက်ရှိမှာဆိုရင်လည်း မိခင်ဖြစ်သူနဲ့အတူ အနုပညာအလုပ်တွေစတင်လုပ်ကိုင်နေပြီဖြစ်ပါတယ်။ ဒါ့ပြင်ထိပ်ထိပ်လေးက တူရိယာပစ္စည်းလေးတွေလည်း ကျွမ်းကျွမ်းကျင်ကျင်တီးတတ်သူလေးဖြစ်ပြီး သီချင်းလေးတွေလည်း ကာဗာအနေနဲ့ သီဆိုတတ်ပါေ သးတယ်။

ထိပ်ထိပ်လေးက အမြဲလိုလိုလူငယ်ဆန်ဆန် လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်ဒီဇိုင်းလေးတွေနဲ့ နေလေ့ရှိတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိထားတာလည်းဖြစ်ပါတယ်။ အခုလည်း ဆံပင်အတိုလေး ညှပ်ကာ စတိုင်စ် အသစ်လေးနဲ့ အရုပ်မလေး တစ်ရုပ်လို ချစ်စရာကောင်းလွန်းတဲ့ ပုံလေးတွေကို ဝေမျှလာပါတယ် ။ ပုံတိုင်းက ချစ်စရာကောင်း လွန်းလို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Credit-Yaungchi

Photo – San htate Htar Oo