ပရိသတ်ကြီးရေ သရုပ်ဆောင် ကျော်ရဲအောင်ဟာ သူ့ရဲ့ မိသားစုဝင် များကို တရားဝင် မိတ်ဆက်ပေးခြင်း မရှိဘဲအေးချမ်းစွာ နေထိုင်ခဲ့တဲ့ မင်းသားတစ်လက်ပါပဲနော်။ ကျော်ရဲအောင်ကတော့ ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုတ်ကူးခဲ့ပြီး အကယ်ဒမီ ထူးချွန်ဆုတွေလည်း ရရှိခဲ့တာဖြစ်ပါတယ်။ ကျော်ရဲအောင်မှာ သားတစ်ယောက် သမီးတစ်ယောက်ရှိပြီး သမီးဖြစ်သူ မှုံနံ့သာကျော်ရဲအောင်ကတော့ လက်ရှိ အနုပညာအလုပ်တွေ လုပ်ကိုင်လျက် ရှိနေပါတယ်နော်.။

လက်ရှိမှာတော့ သရုပ်ဆောင်ကျော်ရဲအောင်က အနုပညာအလုပ်တွေ ကို ခေတ္တရပ် နားထားတာလည်းဖြစ်ပါတယ်။ကျော်ရဲအောင် ကတော့ သမီးလေး မှုံနံ့သာကျော်ရဲအောင်ကို အနုပညာနယ်ပယ်မှာ အောင်မြင်အောင် ပံ့ပိုးပေးနေတာလည်းဖြစ်ပါတယ်။

ဒီကနေ့ဇူလိုင်လ(၅) ရက်နေ့ကတော့ ကျော်ရဲအောင်ရဲ့ သမီးချောလေး မှုံနံ့သာကျော်ရဲအောင်ရဲ့ မွေးနေ့ဖြစ်ပါတယ်နော်။ မှုံနံ့သာဟာ အသက် (၂၃) နှစ်ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်နော်။အသက်(၂၃)နှစ်ပြည့်သွားပြီဖြစ်တဲ့ မှုံနံ့သာလေး အတွက် ပရိတ်သတ်ကြီးကလည်းဆုမွန်ကောင်းလေးတောင်းပေးပါအုံးနော်..။

Credit

zawgyi




Credit