မင်းသမီးချောလေးသက်မွန်မြင့် ကတော့ ပီပြင်ပြောင်မြောက်တဲ့ သရုပ်ဆောင် ချက်တွေနဲ့ ကျရာဇာတ်ရုပ်တိုင်းကို အံဝင်ဂွင်ကျဖြစ်အောင် သရုပ်ဆောင်နိုင်တဲ့အတွက် အကယ်ဒမီထူးချွန်ဆုကြီးကို ထိုက်ထိုက်တန်တန် ရရှိခဲ့တဲ့အပြင် ပရိတ်သတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရ ရှိထားသူလည်း ဖြစ်ပါတယ်။

ပရိသတ်တွေက ချစ်စနိုးနဲ့ ချစ်သက်လို့ခေါ်တဲ့ သက်မွန်မြင့်ဟာ လက်ရှိမှာတော့ ကျန်းမာရေးနဲ့ အခြေအနေအမျိုးမျိုးကြောင့် အနုပညာအလုပ်တွေ ရပ်နားထားတာဖြစ်ပြီး မိသားစုလေးကို အချိန်ပေး ဂရုစိုက်နေတာ ဖြစ်ပါတယ်။

ဒီကနေ့ ဇူလိုင်လ (၂၃) ရက် နေ့မှာဆိုရင် ချစ်သက်က ထိပ်စီးပြောင်းသွားပြီး အသက် တစ်နှစ်ကြီးသွားပြီပဲ ဖြစ်ပါတယ်။ ချစ်သက်ဟာ ဒီနှစ်လေးမှာ အသက် ၄၀ ပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ချစ်သက်လေးရဲ့မွေးနေ့မှစပြီး နောင်နှစ်တစ်ရာတိုင် ချစ်တဲ့မိသားစု ချစ်တဲ့ ပရိတ်သတ်တွေနဲ့အတူ ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်..

Photo Credit: Thet Mon Myint

zawgyi



