ပရိသတ်ကြီးရေ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေ ကတစ်ဆင့် အနုပညာလမ်းပေါ် ကို လျှောက်လှမ်းလာတဲ့ မင်းသားချော မော်ဒယ်မင်းသား မင်းဘုန်းမြတ် ကတော့ ပီပြင်လွန်းတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေ ရင်ထဲမှာ နေရာယူထားတဲ့ အနုပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။

သူဟာ အနုပညာလှုပ်ရှားမှုအနေ နဲ့ မော်ဒယ်၊ သရုပ်ဆောင်ကို လုပ်ကိုင်နေ တာဖြစ်ပြီး အရင်ကထုတ်လွှင့်ခဲ့တဲ့ စေတလုံးမောင်ဘုန်း ဇာတ်လမ်းတွဲကလည်း အရမ်းကိုအောင်မြင်ခဲ့ပြီး ပရိတ်သတ်တွေရဲ့ တစ်ခဲနက် အားပေးမှုကို ရရှိထားတဲ့သူလည်း ဖြစ်ပါတယ်။ ဒီလိုအောင်မြင်မှုတွေကို ရရှိခဲ့ ဖို့လည်း အခက်အခဲတွေအများကြီးနဲ့ ကြိုးစားခဲ့ရပါတယ်။ အနုပညာပိုင်းမှာ ထူးချွန်တဲ့ မင်းဘုန်းမြတ်က ပညာရေးပိုင်းမှာတော့ 1st year အထိပဲ ကကျောင်းတက်ခဲ့ရတာ ဖြစ်ပါတယ်။

“ တခြားအခြေအနေနဲ့ မိသားစုအခြေအနေတွေကြောင့် ကျောင်းဆက် မတက်ဖြစ်ခဲ့တာပါ။ တက္ကသိုလ် ကျောင်းသားဘဝကို ဖြတ်သန်းကြည့်ချင်ပေမယ့် မဖြတ်သန်းခဲ့ရတာကြောင့် တက္ကသိုလ်ကျောင်းသား ဇာတ်ကောင် လေးဆိုရင်လည်း ရိုက်ကူးချင်တယ်” လို့ အင်တာဗျူးမှာ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အနုပညာလမ်းပေါ်မှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်း နေနိုင်တဲ့ မောင်ဘုန်းလည်း ဒီထက်မက အောင်မြင်မှုတွေ ရရှိပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Source : Myanmarload TV
Credit…..MMLoad

ZAWGYI




Source : Myanmarload TV
Credit…..MMLoad