ပရိသတ်ကြီးရေ ဟာသသရုပ်ဆောင် ဦးမေတ္တာဟာဆိုရင် အနုပညာလောကမှာအောင်မြင်မှုတွေရရှိကာ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုပိုင်ဆိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။အခုဆိုရင်သူချစ်တဲ့မိသားစုနဲ့ သူ့ကိုအားပေးတဲ့ ပရိသတ်တွေကိုနှုတ်ဆက်ထွက်ခွာသွားတာ တစ်နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ဒီကနေ့မှာတော့ မေတ္တာမြင့်မြတ်ဟိန်းက ဖခင်အတွက် ရည်စူးပြီး လှူဒါန်းမယ့် ပိုက်ဆံတွေ ခါးပိုက်နှိုက်ခံခဲ့ ရတဲ့အကြောင်းကို အခုလိုပဲပြောပြလာပါတယ်။

မေတ္တာမြင့်မြတ်ဟိန်းက“တစ်လထဲမှာ အမေက ငွေလိမ်တာ ခံရတယ်။ ဖေဖေ့တစ်နှစ်ပြည့်မှာ မေမေကြိုက်တာလှူဒါန်းလို့ရအောင်ဆိုပီး စုထားတာလေးတွေ ပါသွားလို့ ရှိတဲ့အလုပ်လေးပေါ်လာလို့ မန္တလေးမှာ အလုပ်လေးသွားလုပ်တာ ရန်ကုန်ရောက်တော့ လမ်းမှာ အမေ့ ကန်တော့မယ့် ချွေးနည်းစာတွေ အနှိုက်ခံလိုက်ရတယ်….😔😔😔တောင်းပန်ပါတယ် အမေ” ဆိုပြီး ဝမ်းနည်းစွာနဲ့ ပြောပြလာတာပဲဖြစ်ပါတယ်။

အခုလိုတစ်လထဲမှာနှစ်ခါတောင် ကံဆိုးမှုတွေကြုံတွေ့ခဲ့ရတဲ့ မေတ္တာမြင့်မြတ် ဟိန်းတစ်ယောက် ဘယ်လောက်တောင်ထိခိုက်ခံစားနေရမလဲနော်။လူတွေ ရဲ့လောဘတွေဟာ သိပ်ကြောက်ဖို့ကောင်းတယ်ဆိုတာ သတိထားစရာပါပဲ။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်။

Source: Myittar Myint Myat Hein’s fb
Credit ; World Info Post

zawgyi




Credit ; World Info Post