ပရိသတ်ကြီးရေ သရုပ်ဆောင် တစ်ယောက်ဖြစ်သလို ဒေါက်တာ လည်းဖြစ်တဲ့ စိန်ဖြိုးလှိုင်ကတော့ ရီရီပွင့်ဖြူ နဲ့ ချစ်သူတွေဖြစ်ကြပြီး ပရိသတ်တွေကို တရားဝင်ချပြထားတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ စိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူတို့စုံတွဲလေးက တရားဝင် အကြင်လင်မယား အဖြစ် နှစ်ဦးသဘောတူ လက်မှတ်ထိုးခဲ့ကြတဲ့ အမှတ်တရတွေမျှ ဝေလာတာလည်းဖြစ်ပါတယ်။

စိန်ဖြိုးလှိုင်ကဒီနေ့တော့ ကျွန်တော်တို့ နှစ်ယောက် Legally ဇနီးမောင်နှံဖြစ်ဖို့ High Court မှာ Registration လုပ်ခဲ့တယ်။တကယ်တော့ မင်္ဂလာလက်မှတ်ထိုးတာနဲ့ ဧည့်ခံပွဲကို April လတုန်းက စီစဉ်ခဲ့ပေမယ့် အနားနီးမှ အကြောင်းကြောင့် နောက်ဆုတ်လိုက်ရတယ်။

ဒါပေမယ့် တရားဝင် ဖြစ်ဖို့ကိစ္စကလည်း အရေးကြီးတာမို့ ရိုးရိုးရှင်းရှင်းပဲ တရားရုံးသွားပြီး လက်မှတ်ထိုးလိုက်ပါတယ်။ဘယ်လိုပဲ ဖြစ်ဖြစ်ပါအဓိကက နှစ်ယောက်တူတူရှိနေဖို့ပါပဲ။မိသားစုတွေ အားလုံးပြန်စုံတဲ့တနေ့ မှပဲ ပျော်ရွှင်စွာနဲ့ ဧည်ခံပွဲလေး လုပ်ဖြစ်ဦးမယ်ထင်ပါတယ် ဆိုပြီးအမှတ်တရလေးတွေကို မျှဝေထားတာလည်းဖြစ်ပါတယ်။

credit…..

zawgyi





credit…..