ပရိတ်သတ်ကြီးရော မကြာသေးမီက ဇာတ်သိမ်းသွားခဲ့တဲ့ “ စေတလုံးမောင်ဘုန်း ” ဇာတ်လမ်းတွဲ ထဲက ဗီလိန် နေရာ မာဃ အဖြစ် သရုပ်ဆောင် ခဲ့တဲ့ ရန်လင်းအောင် ကို သိကြပြီး ဖြစ်မှာပါနော် ။ရန်လင်းအောင် ရဲ့ သရုပ်ဆောင်မှု တွေက ပီပြင်လွန်းတာကြောင့် ပရိတ်သတ်ရဲ့ အားပေးမှု ကို ရရှိခဲ့ပါတယ် ။ဗီလိန် အဖြစ် သရုပ်ဆောင်ရာမှာ လူမုန်းများခဲ့ သော်လည်း သရုပ်ဆောင် ကောင်းလွန်းတာ ကြောင့် နောက်ပိုင်း မှာ ပရိတ်သတ်ရဲ့ ချီးကျူးမှုကို ရခဲ့သူလည်း ဖြစ်ပါတယ် ။
ဆက်ဆံရေးလည်း ကောင်းမွန်တာကြောင့် ပရိတ်သတ်ရဲ့ ချစ်ခင်မှုကိုလည်း ရခဲ့ပါတယ် ။ပရိတ်သတ်တွေက ယခုဆို ရန်လင်းအောင် လို့ မခေါ်ကြဘဲ မာဃ လို့ ချစ်စနိုးနဲ့ တောင် ပြောဆိုနေကြပါပြီ ။ပရိတ်သတ်ကြီးရေ ရန်လင်းအောင် အတွက် စိတ်မကောင်းစရာ သတင်းလေးကြားသိရပါတယ် ။အဲ့ဒါကတော့ ပြီးခဲ့တဲ့ ၂၄ ရက် နေ့ မှာ ချစ်ရတဲ့ ဖခင်ကြီး ဆုံးပါးခဲ့တဲ့ သတင်းလေးပဲ ဖြစ်ပါတယ် ။
ဒီသတင်းနဲ့ ပတ်သတ်ပြီး ရန်လင်းအောင် က ” ဆန္ဒတွေ နောက်ကို လိုက်ရင်း တာဝန်ကျေတဲ့ သားတစ်ယောက် မဖြစ်ခဲ့ဘူး အေးချမ်းစွာ အနားယူပါ အဖေ ” ဆိုပြီး ဝမ်းနည်းစွာ မျှဝေထားပါတယ် ။ရန်လင်းအောင် ရဲ့ ပရိတ်သတ်များ နှင့် လုပ်ဖော် ကိုင်ဖက် သူငယ်ချင်းများကလည်း စိတ်မကောင်းဖြစ်နေကြပြီး အားပေးစကား ပြောကြတာကို တွေ့ရပါတယ် ။မာဃ ရဲဲ့ အဖေ အတွက် ပရိတ်သတ်ကြီးကလည်း ဆုတောင်း ပေးခဲ့ပါဦီးနော် ။
Credit….
ZAWGYI
Credit….