ပရိ သတ်ကြီးရေ “နင်းလမ်းတွေ့ခဲ့ရင်” သီချင်းလေးနဲက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိခဲ့တဲ့ အဆိုတော်ယွန်းမြတ်သူကတော့ ဒီနေ့မှာသူ့ရဲ့ ချစ်သူလေးရဲ့ ရွှေလက်တွဲသွားခဲပြီပဲဖြစ်ပါတယ်။ ယွန်းမြတ်သူကတော့ သူရဲ့ ချစ်သူလေးနဲ့ ဒီနေ့ ဖေဖော်ဝါရီလ (၁၈)ရက်နေ့မှာ မင်္ဂလာမော်ကွန်း တင်လက်မှတ်ရေးထိုးခဲ့တာပဲဖြစ်ပါတယ်။

ယွန်းမြတ်သူရဲ့ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲလေးကိုတော့ ပရိသတ်တွေရဲကအချစ်တော်ဖြစ်တဲ့ အဆိုတော်မေခလာတို့ စုံတွဲလေးကတက်ရောက်ချီးမြှင့်ခဲ့ပြီး မေခလာကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဂုဏ်ယူဝမ်းမြောက်ကြောင်းအခုလိုပဲ ချီးမြှောက်ခဲ့တာပဲဖြစ်ပါတယ်။”သားလေး သန့် ( ဖိုးလပြည့်) သမီးလေး ယွန်းမြတ်သူ မင်္ဂလာ လက်မှတ်ထိုးနေ့မှစ နှလုံးသားထဲထိ သက်ဆုံးတိုင်ချစ်ခင်မပျက် ကြင်နာကြပါစေ သားနဲ့သမီး” ဆိုပြီး ပုံလေးတွေကိုပါမျှဝေထားခဲ့ တာပဲဖြစ်ပါတယ်။

Congratulations ပါ ယွန်းရေ ချစ်ရတဲ့ ခင်ပွန်းနဲ့အတူတူ သက်ဆုံးတိုင် ချစ်ခြင်းမေတ္တာတွေမပျက်ပြယ်ဘဲ ထာဝရပေါင်းဖက်နိုင်ပါစေလို့ မင်္ဂလာဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးတွေလည်း ယွန်မြတ်သူတို့ စုံတွဲလေးအတွက် မင်္ဂလာဆုေ တာင်းလေးတွေတောင်းပေးခဲ့ကြပါဦးနော်။

Source – May Kha Lar
Credit – CeleZone




Source – May Kha Lar
Credit – CeleZone