ပရိသတ်ကြီးရေ ရုပ်ရှင်ကားတွေမှာဆိုရင် ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်များကြောင့် ခုချိန်ထိတိုင် ပရိတ်သတ်တွေအကြားအမြဲတမ်းချစ်ခင်နေရတဲ့ အကယ်ဒမီများရှင် မင်းသမီး မျိုးသန္တာထွန်း ပါဝင် သရုပ်ဆောင်ထားတဲ့ “ပြေလျော့နွေ”ဇာတ်ကားဟာ နယ်သာလန်က Winterthur ရုပ်ရှင်ပွဲတော်မှာ ပြသခံခဲ့ရတဲ့အပြင် ယခုတစ်ခါ Clermont Ferrand နိုင်ငံတကာရုပ်ရှင်ပြ ပွဲ ကြီးမှာပါ ပွဲဦးထွက်ပြသခံခဲ့ရတာဖြစ်ပါတယ်။

ပြေလျော့နွေ ဇာတ်ကား ကိုတော့ လူငယ်ဒါရိုက်တာ တွေ ရိုက်ကူးပုံဖော် ဖန်တီးထားတာဖြစ်ပြီး အဓိကဇာတ်ဆောင်အနေ နဲ့ ဝါရင့်မင်းသမီးကြီး မျိုးသန္တာထွန်း က ပါဝင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ဒီဇာတ်ကားကို ဖန်တီးပုံဖော်သူတွေထဲ က တစ်ဦးဟာလည်း မမျိုးသန္တာထွန်း ကို ဂုဏ်ပြုကြောင်း ၊ သူမ အား တကယ်သတိရလွမ်းဆွတ်နေကြောင်း ရေးသားဖော်ပြခဲ့ပါသေးတယ်။ အဖမ်းဆီးခံ ပြည်သူ့မင်းသမီးကြီး မမျိုးသန္တာထွန်း ပါဝင်သရုပ်ဆောင်ထားတဲ့ ပြေလျော့နွေ ဇာတ်ကားရဲ့ အမြည်းအနေနဲ့ ပရိတ်သတ်များခံစားနိုင်စေရန် တင်ဆက်ပေးလိုက်ပါတယ်…..။

Credit….

ZAWGYI



Credit…