ပရိသတ်ကြီးရေ ပြေပြစ်တဲ့ မျက်နှာအသွင်အပြင်နဲ့ အနောက်တိုင်းဆန်တဲ့ ရုပ်ရည် ကို ပိုင်ဆိုင်ထားတဲ့ ဟိန်းမင်းသူ ကို မိန်းကလေး ပရိသတ်တိုင်း ကြိုက်နှစ်သက်အားပေးပြီးသား ဖြစ်ပါတယ်။ ဟိန်းမင်းသူ ကတော့ သရုပ်ဆောင် တစ်ယောက်အပြင် ဂီတလောကမှာလည်း နေရာတစ်နေရာရရှိတဲ့အထိ ကြိုးစားနေ သူတစ်ယောက် ဖြစ်ပါတယ်။ လက်ရှိ အနုပညာအလုပ်တွေ နည်းပါး နေချိန်မှာ ဟိန်းမင်းသူ က ဗီဒီယို အတိုလေးတွေရိုက်ကူးတင်ဆက်နေပြီး ပရိသတ်နဲ့ အဆက်အသွယ် ပြတ်တောက်သွားခြင်း မရှိအောင် ကြိုးစားနေတာပဲဖြစ်ပါတယ်။
ဒီတစ်ခါမှာလည်း ဟိန်းမင်းသူ က သူ့ရဲ့ဖေ့စ်ဘုတ်ပေ့ချ်ကနေ ဗီဒီယိုလေး တစ်ခုကို တင်ခဲ့ရာ အဆိုပါ ဗီဒီယိုက တရုတ်ဟာသတစ်ခုကို တစ်သွေမတိမ်းကူးယူခဲ့တယ်လို့ ပရိသတ်တွေက ဝေဖန် ထောက်ပြခဲ့ပါတယ်။ ဟိန်းမင်းသူ က အဆိုပါဗီဒီယိုတင်ကလည်းက “ခဏတာ စိတ်အမောပြေရန်အတွက်သာရည်ရွယ်ပါတယ်ဗျ❤️ Cover Version” ဆိုပြီး မူလဗီဒီယိုကို Cover လုပ်ပြီး ပြန်ရိုက်ကူးတယ် ဆိုပြီး တင်ခဲ့တာဖြစ်ပါတယ်။
ဟိန်းမင်းသူရဲ့ ဗီဒီယို ကတော့ ဝေဖန်သူ တွေရှိသလို ကြိုက်နှစ်သက်ကြသူတွေလည်း အများအပြားရှိကြတာပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဟိန်းမင်းသူရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ခဏတာဖြစ်ဖြစ် စိတ်အပန်းပြေသွားကြမယ် ထင်ပါတယ်နော်။
Source: Hein Min Thu
crd : myanmar celebrity
ZAWGYI
Source: Hein Min Thu
crd : myanmar celebrity