သရုပ်ဆောင် ဖြိုးအိန္ဒြာမင်းကတော့ မော်ဒယ်လ်တစ်ယောက် အဖြစ် အနုပညာလောကထဲကိုဝင်ရောက်လာခဲ့ပြီး ဇာတ်လမ်းတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ဖြိုးအိန္ဒြာမင်းကတော့ “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲမှာ ငြိမ်းလှဆိုတဲ့ ကာရိုက်တာနေရာကနေ သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးခြင်းကိုရရှိခဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။

“ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲက ဇာတ်သိမ်းသွားခဲ့ပြီဆို ပေမယ့် ပရိသတ်တွေကတော့ သရုပ်ဆောင်တစ်ယောက်ချင်းစီကို မှတ်မိနေပြီး အားပေးနေကြဆဲဖြစ်ပါတယ်။ဒီတစ်ခါမှာလည်း ဖြိုးအိန္ဒြာမင်းက အပြင်ကိုသွားခိုက် သူမကိုမှတ်မိပြီး အားပေးကြတဲ့ ပရိသတ်တွေနဲ့ အမှတ်တရပုံလေးကိုတင်ကာ “ငြိမ်းလှကိုမမုန်းပဲ ချစ်ကြတော့လဲပီတိဖြစ်ရပါတယ် ❣️” ဆိုပြီး ပြောလာပါတယ်။

ဖြိုးအိန္ဒြာမင်းကတော့ “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲမှာ ဗီလိန်ကာရိုက်တာ နေရာကနေ သရုပ်ဆောင်ခဲ့ရတယ်ဆိုပေမယ့် ပရိသတ်တွေရဲ့အားပေးမှုကို ဒီနေ့ဒီအချိန်ထိရရှိနေဆဲဖြစ်ပါတယ်။ ဖြိုးအိန္ဒြာမင်း တစ်ယောက် ရှေ့ဆက်လျှောက်မယ့် အနုပညာလမ်းခရီးမှာ အောင်မြင်မှုရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Phyo Eaindra Min’s fb

Credit

zawgyi

သ႐ုပ္ေဆာင္ ၿဖိဳးအိျႏၵာမင္းကေတာ့ ေမာ္ဒယ္လ္တစ္ေယာက္ အျဖစ္ အႏုပညာေလာကထဲကိုဝင္ေရာက္လာခဲ့ၿပီး ဇာတ္လမ္းေတြမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တာပဲျဖစ္ပါတယ္။ၿဖိဳးအိျႏၵာမင္းကေတာ့ “ေဒါင္းယာဥ္ပ်ံဘုံနံေဘးမွာ စာေရးလို႔ထားခ်င္တယ္” ဇာတ္လမ္းတြဲမွာ ၿငိမ္းလွဆိုတဲ့ ကာရိုက္တာေနရာကေန သ႐ုပ္ေဆာင္ခဲ့ၿပီး ပရိသတ္ေတြရဲ့ အားေပးျခင္းကိုရရွိခဲ့သူတစ္ေယာက္ဆိုလည္း မမွားပါဘူး။

“ေဒါင္းယာဥ္ပ်ံဘုံနံေဘးမွာစာေရးလို႔ထားခ်င္တယ္” ဇာတ္လမ္းတြဲက ဇာတ္သိမ္းသြားခဲ့ၿပီဆို ေပမယ့္ ပရိသတ္ေတြကေတာ့ သ႐ုပ္ေဆာင္တစ္ေယာက္ခ်င္းစီကို မွတ္မိေနၿပီး အားေပးေနၾကဆဲျဖစ္ပါတယ္။ဒီတစ္ခါမွာလည္း ၿဖိဳးအိျႏၵာမင္းက အျပင္ကိုသြားခိုက္ သူမကိုမွတ္မိၿပီး အားေပးၾကတဲ့ ပရိသတ္ေတြနဲ႔ အမွတ္တရပုံေလးကိုတင္ကာ “ၿငိမ္းလွကိုမမုန္းပဲ ခ်စ္ၾကေတာ့လဲပီတိျဖစ္ရပါတယ္ ❣️” ဆိုၿပီး ေျပာလာပါတယ္။

ၿဖိဳးအိျႏၵာမင္းကေတာ့ “ေဒါင္းယာဥ္ပ်ံဘုံနံေဘးမွာစာေရးလို႔ထားခ်င္တယ္” ဇာတ္လမ္းတြဲမွာ ဗီလိန္ကာရိုက္တာ ေနရာကေန သ႐ုပ္ေဆာင္ခဲ့ရတယ္ဆိုေပမယ့္ ပရိသတ္ေတြရဲ့အားေပးမႈကို ဒီေန႔ဒီအခ်ိန္ထိရရွိေနဆဲျဖစ္ပါတယ္။ ၿဖိဳးအိျႏၵာမင္း တစ္ေယာက္ ေရွ႕ဆက္ေလၽွာက္မယ့္ အႏုပညာလမ္းခရီးမွာ ေအာင္ျမင္မႈရရွိပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Phyo Eaindra Min’s fb