ပရိသတ်ကြီးရေ MRTV-4 သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့ မေမီကိုကိုကတော့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ မေမီကိုကိုဟာ လက်ရှိမှာလည်း “မကြေးစည်” ဇာတ်လမ်းတွဲနဲ့ အောင်မြင်နေပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိပိုင်ဆိုင်နေတာပဲဖြစ်ပါတယ်။ အောင်မြင်မှုတွေ ရရှိနေပြီး ပရိသတ်တွေရဲ့ချီးကျူးအားပေးမှုကို ရရှိနေတဲ့ မေမီကိုကို အတွက် သူမရဲ့သူငယ်ချင်းတွေကလည်း Surprise ပွဲလေး ပြုလုပ်ပေးခဲ့ကြပါတယ်။

သရုပ်ဆောင်လပြည့် နဲ့ ဖြိုးရာဇာနိုင်တို့အပါအဝင် မေမီကိုကို ရဲ့ သူငယ်ချင်းတွေဟာ “မကြေးစည်” ဇာတ်ကားအောင်မြင်မှုအတွက် ဂုဏ်ပြု Surprise ပြုလုပ်ပေးခဲ့ကြပြီး မေမီကိုကိုကလည်း “Thankful…♥️ my lovely best friends for your kindness and for surprise🥰🎁” ဆိုပြီး ကျေးဇူးတင်စကားပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

မေမီကိုကို ကတော့ သူမရဲ့ အောင်မြင်မှုကို ချီးမြှောက် ဂုဏ်ပြုပေးကြတဲ့ သူငယ်ချင်းတွေရှိ လို့ ကံကောင်းပြီးရင်းကံကောင်းသူတစ်ယောက်လို့ ဆိုနိုင်ပါတယ်။ ပရိသတ်ကြီးလည်း မေမီကိုကိုကို ဆက်လက်ပြီး အားပေး ကြပါဦးနော်။

Source: May Mi Ko Ko

ZAWGYI




Source: May Mi Ko Ko