ပရိသတ်ကြီးရေ Mrs Universe 2019 ရဲ့ Winner ဆုရှင် ဟန်နီချို ကတော့ အိမ်ထောင်ရှင် အလှမယ်တစ်ယောက် အဖြစ် လူသိများ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဟန်နီချိုဟာ အိမ်ထောင်ရှင် အလှမယ်တစ်ယောက် အဖြစ်သာမက သာယာတဲ့ မိသားစုဘဝလေးကို လည်း တည်ဆောက်ထားနိုင်သူ တစ်ယောက်ဖြစ်ပါတယ်။ ဟန်နီချို ရဲ့ သမီးလေးကလည်း Little Chef လေးလို့ သိကြတဲ့ အသက်ငယ်ငယ်လေး နဲ့ ဟင်းချက်ပြတဲ့ သမီးလေး Katherine ဆိုပြီး နာမည်ကြီးသူတစ်ယောက်ပါ။

လက်ရှိမှာ တော့ ဟန်နီချိုဟာ တောင်ကိုရီးယား နိုင်ငံမှာ ကျင်းပ ပြုလုပ်နေတဲ့ Mrs Universe 2021 World Final ပွဲကို တက်ရောက်နေတာပဲဖြစ်ပါတယ်။ တိုင်းတစ်ပါး မှာ သွားပြီးတက်ရောက်ရတဲ့ ပွဲမှာ ဟန်နီချို ရဲ့ မိတ်ကပ်နဲ့ ဆံထုံးပြင်ဆင်မှုကို သူမရဲ့ခင်ပွန်းကို အစအဆုံး ပြင်ဆင်ပေးခဲ့ပြီး ဟန်နီချို ကလည်း သူမရဲ့ခင်ပွန်းအကြောင်းကို “ပါရမီ ဖြည့်ဖက်ကြီး.. မလုပ်တတ်တဲ့ ပညာကိုတောင် ရအောင် သင်ပြီး လှလှလေး ထုံးပေးတဲ့ ဆံထုံးလေးနဲ့ Mrs Universe ပွဲတက်ခဲ့တဲ့ အမှတ်တရ❤️ Make Up Li Li က နာရီဝက်အတွင်း တတ်အောင် သင်ပေးလိုက်တာ❤️” ဆိုပြီး ဂုဏ်ယူစွာပြောလာပါတယ်။

ဟန်နီချိုကတော့ ခင်ပွန်းဖြစ်သူ အစအဆုံးပြင်ဆင်ပေးထားတဲ့ ပွဲတက် မိတ်ကပ်နဲ့ ဆံထုံးပုံတို့ နဲ့ ဂုဏ်ယူစွာပွဲတက်ခဲ့တာပဲဖြစ်ပါတယ်။ ဟန်နီချိုတို့မိသားစုလေးကတော့ မလုပ်တတ်တာ ဘာမှမရှိလောက်အောင် တော်ကြတဲ့ စံပြမိသားစုလေးပါပဲ။

Source: Honey Cho
Credit ; Cele Active World

ZAWGYI




Source: Honey Cho