ပရိသတ်ကြီးရေ ပိုင်တံခွန်ကတော့ မြန်မာနိုင်ငံမှာ သာမက ပြည်ပနိုင်ငံတွေအထိပါ အနုပညာရှင်တစ်ယောက် အနေနဲ့အောင်မြင်နေခဲ့တဲ့သူပါ။ ဘာသာရေးလည်းကိုင်းရှိုင်း အလှူအတန်းလည်း ရက်ရောတဲ့အပြင် မိဘအပေါ်မှာလည်း သိတတ်လိမ္မာတဲ့ သားလိမ္မာလေးတစ်ယောက်ပဲဖြစ်ပါတယ်။

အောင်မြင်မှုတွေရရှိပြီး အနုပညာအလုပ်တွေကနေ ရရှိတဲံငွေတွေကို မိဘတွေအတွက် နေအိမ်နဲ့ကားဝယ်ပေးခဲ့ပါသေးတယ်။ မိဘနှစ်ပါးကို စိတ်ချမ်းသားအောင်ထားပြီး လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးတဲ့ သားလိမ္မာလေးပိုင်တံခွန်ကတော့ ဒီနေ့မှာတော့ မိဘတွေထံကနေ မွန်မြတ်လှတဲ့ အမွေလေးတစ်ခုကို ပြန်လည်တောင်းခံယူခဲ့ပါတယ်။

အမွေလေးကတော့ နှောင်တစ်ချိန်မှာလည်း မိဘနှစ်ပါးကို ကိုးကွယ်ထားချင်လို့ ဆိုတဲ့ စိတ်ကူးလေးနဲ့ မိဘနှစ်ပါးရဲ့ ခြေရာကို အမွေလေး တောင်းခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ပိုင်တံခွန်ကတော့ တကယ်ကို မိဘတွေ စိတ်ချမ်းသာမှုကို အပြည့်အဝရစေတဲ့ သားလိမ္မာလေးတစ်ယောက်ပါပဲနော်။

Credit – CeleZone
Source – Paing Takhon

zawgyi




Credit – CeleZone
Source – Paing Takhon