သရုပ်ဆောင် ပိုင်တံခွန်ကတော့ ဒီကနေ့ မတ်လ (၂) ရက်နေ့မှာပဲ လွတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ပိုင်တံခွန် လွတ်မြောက်လာခြင်း အတွက် သူ့ရဲ့ ပြည်တွင်းပြည်ပ ပရိသတ်တွေကလည်း ဝမ်းသာနေကြသလို မိသားစုတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေ ကလည်း အတိုင်းမသိ ပျော်ရွှင်နေကြတာပဲဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ပုဒ်မ ( ၅၀၅ ) နဲ့ ထောင်ဒဏ် (၃) နှစ်ချမှတ်ခံခဲ့ရပြီးမှ အခုလို မထင်မှတ်ပဲ ပြန်လည် လွတ်မြောက်လာခဲ့တာကြောင့် ပိုပြီးပျော်ရွှင်နေကြတာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်က လွတ်မြောက် လာပြီးပြီးချင်းမှာပဲ သူငယ်ချင်းတွေ ၊ မိသားစုတွေနဲ့ ဆုံတွေ့ခဲ့သလို သူဖွင့်လှစ်ထားတဲ့ ရေခဲမုန့်ဆိုင်လေးကိုလည်း သွားရောက်လည်ပတ်ခဲ့ပါတယ်။ ရေခဲမုန့်ဆိုင်လေးကို သွားပြီး ပိုင်တံခွန်က သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေ နဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပြီး ဓာတ်ပုံတွေလည်း ရိုက်ပေးခဲ့တယ်လို့ သူ့ရဲ့ပရိသတ်တစ်ယောက်က “အခုလေးတင် စိတ်ကူးပေါက်လို့ သူ့ဆိုင်ကို ရေခဲမုန့်သွားစားတာ ရေခဲမုန့်မှာ နေတုန်း တန်းပီးဝင်လာတာ တကယ်ဝမ်းသာပါတယ် မျက်လုံးထဲမှာလဲ မျက်ရည်တွေနဲ့ဗျာ” ဆိုပြီး ပြောပြလာပါတယ်။

ပိုင်တံခွန်ကတော့ လွတ်မြောက်မှုအရသာကို ခံစားပြီးနောက် သူလုပ်ချင်တာမှန်သမျှကို လုပ်ကိုင်ပြီး လွတ်လွတ်လပ်လပ်သွားလာနေတာပဲဖြစ်ပါတယ်။ ပိုင်တံခွန်တစ်ယောက် ရှေ့လျှောက်ပြီး ကံကောင်းခြင်းတွေနဲ့သာ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source:Wei Linn

ZAWGYI

သ႐ုပ္ေဆာင္ ပိုင္တံခြန္ကေတာ့ ဒီကေန႔ မတ္လ (၂) ရက္ေန႔မွာပဲ လြတ္ေျမာက္လာခဲ့ၿပီ ျဖစ္ပါတယ္။ ပိုင္တံခြန္ လြတ္ေျမာက္လာျခင္း အတြက္ သူ႔ရဲ့ ျပည္တြင္းျပည္ပ ပရိသတ္ေတြကလည္း ဝမ္းသာေနၾကသလို မိသားစုေတြ၊ မိတ္ေဆြ သူငယ္ခ်င္းေတြ ကလည္း အတိုင္းမသိ ေပ်ာ္ရႊင္ေနၾကတာပဲျဖစ္ပါတယ္။ ပိုင္တံခြန္ဟာ နိုင္ငံေရးလႈပ္ရွားမႈေၾကာင့္ ပုဒ္မ ( ၅၀၅ ) နဲ႔ ေထာင္ဒဏ္ (၃) ႏွစ္ခ်မွတ္ခံခဲ့ရၿပီးမွ အခုလို မထင္မွတ္ပဲ ျပန္လည္ လြတ္ေျမာက္လာခဲ့တာေၾကာင့္ ပိုၿပီးေပ်ာ္ရႊင္ေနၾကတာပဲ ျဖစ္ပါတယ္။

ပိုင္တံခြန္က လြတ္ေျမာက္ လာၿပီးၿပီးခ်င္းမွာပဲ သူငယ္ခ်င္းေတြ ၊ မိသားစုေတြနဲ႔ ဆုံေတြ႕ခဲ့သလို သူဖြင့္လွစ္ထားတဲ့ ေရခဲမုန႔္ဆိုင္ေလးကိုလည္း သြားေရာက္လည္ပတ္ခဲ့ပါတယ္။ ေရခဲမုန႔္ဆိုင္ေလးကို သြားၿပီး ပိုင္တံခြန္က သူ႔ကိုခ်စ္ၾကတဲ့ ပရိသတ္ေတြ နဲ႔ ရင္းရင္းႏွီးႏွီး ေတြ႕ဆုံခဲ့ၿပီး ဓာတ္ပုံေတြလည္း ရိုက္ေပးခဲ့တယ္လို႔ သူ႔ရဲ့ပရိသတ္တစ္ေယာက္က “အခုေလးတင္ စိတ္ကူးေပါက္လို႔ သူ႔ဆိုင္ကို ေရခဲမုန႔္သြားစားတာ ေရခဲမုန႔္မွာ ေနတုန္း တန္းပီးဝင္လာတာ တကယ္ဝမ္းသာပါတယ္ မ်က္လုံးထဲမွာလဲ မ်က္ရည္ေတြနဲ႔ဗ်ာ” ဆိုၿပီး ေျပာျပလာပါတယ္။

ပိုင္တံခြန္ကေတာ့ လြတ္ေျမာက္မႈအရသာကို ခံစားၿပီးေနာက္ သူလုပ္ခ်င္တာမွန္သမၽွကို လုပ္ကိုင္ၿပီး လြတ္လြတ္လပ္လပ္သြားလာေနတာပဲျဖစ္ပါတယ္။ ပိုင္တံခြန္တစ္ေယာက္ ေရွ႕ေလၽွာက္ၿပီး ကံေကာင္းျခင္းေတြနဲ႔သာ ပိုင္ဆိုင္နိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source:Wei Linn