ပရိသတ်ကြီးရေ အိမ့်ချစ်ကတော့ ပရိသတ်တွေ ရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝ ရရှိထားပြီး အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကမှာရပ်တည်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ အိမ့်ချစ်ကတော့ လက်ရှိမှာ ပထမဆုံး သမီးလေးကို ကိုယ်ဝန်လွယ်ထားရပြီးနောက်လထဲမှာ မွေးဖွားတော့မှာပါဖြစ်ပါတယ်။

အိမ့်ချစ်ကတော့ ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့ ပုံလေးတွေကို မျှဝေဖော်ပြလာခဲ့ပါတယ်။ ပုံလေးတွေကတော့ သမီးလေး အမရာကို မမွေးခင် တစ်လအလိုမှာ အမှတ်တရအနေ နဲ့ ရိုက်ကူးထားခဲ့တာပဲဖြစ်ပါတယ်။ အိမ့်ချစ် ကတော့ ပုံလေးတွေကို အမိုက်စားရိုက်ကူးခဲ့တာဖြစ်ပြီး အခုလို အမိုက်စားရိုက်ကူးတဲ့ အပေါ်ကိုလည်း

“ကိုယ်ဝန်ဆောင် ဓာတ်ပုံရိုက်တယ်ဆိုတာ ဗိုက်ကလေးဖော်ပြီး အမှတ်တရ ရိုက်ရတာမို့ မေမေဟော့ရှော့လေးကို ခွင့်လွှတ်ပြီးကြည့်ပေးနော်” ဆိုပြီး ဗိုက်လေးပေါ်အောင် ရိုက်ကူးခဲ့တာကြောင့် ခပ်ဟော့ဟော့ ပုံစံဖြစ်နေတာကို ခွင့်လွှတ်နားလည်ပေးကြဖို့ မေတ္တာရပ်ခံထားခဲ့ပါသေးတယ် ပရိသတ်ကြီးရေ။

Credit– CeleZone
Source – Eaint Chit

zawgyi

ပရိသတ္ႀကီးေရ အိမ့္ခ်စ္ကေတာ့ ပရိသတ္ေတြ ရဲ့ ခ်စ္ခင္အားေပးမႈကို အျပည့္အဝ ရရွိထားၿပီး ေအာင္ျမင္တဲ့ အဆိုေတာ္တစ္ေယာက္အျဖစ္ အႏုပညာေလာကမွာရပ္တည္ေနတဲ့သူတစ္ေယာက္ပဲျဖစ္ပါတယ္။ အိမ့္ခ်စ္ကေတာ့ လက္ရွိမွာ ပထမဆုံး သမီးေလးကို ကိုယ္ဝန္လြယ္ထားရၿပီးေနာက္လထဲမွာ ေမြးဖြားေတာ့မွာပါျဖစ္ပါတယ္။

အိမ့္ခ်စ္ကေတာ့ ဒီေန႔မွာ သူ႔ရဲ့လူမႈကြန္ရက္စာမ်က္ႏွာကေန သူ႔ရဲ့ ပုံေလးေတြကို မၽွေဝေဖာ္ျပလာခဲ့ပါတယ္။ ပုံေလးေတြကေတာ့ သမီးေလး အမရာကို မေမြးခင္ တစ္လအလိုမွာ အမွတ္တရအေန နဲ႔ ရိုက္ကူးထားခဲ့တာပဲျဖစ္ပါတယ္။ အိမ့္ခ်စ္ ကေတာ့ ပုံေလးေတြကို အမိုက္စားရိုက္ကူးခဲ့တာျဖစ္ၿပီး အခုလို အမိုက္စားရိုက္ကူးတဲ့ အေပၚကိုလည္း

“ကိုယ္ဝန္ေဆာင္ ဓာတ္ပုံရိုက္တယ္ဆိုတာ ဗိုက္ကေလးေဖာ္ၿပီး အမွတ္တရ ရိုက္ရတာမို႔ ေမေမေဟာ့ေရွာ့ေလးကို ခြင့္လႊတ္ၿပီးၾကည့္ေပးေနာ္” ဆိုၿပီး ဗိုက္ေလးေပၚေအာင္ ရိုက္ကူးခဲ့တာေၾကာင့္ ခပ္ေဟာ့ေဟာ့ ပုံစံျဖစ္ေနတာကို ခြင့္လႊတ္နားလည္ေပးၾကဖို႔ ေမတၱာရပ္ခံထားခဲ့ပါေသးတယ္ ပရိသတ္ႀကီးေရ။

Credit– CeleZone
Source – Eaint Chit