ပရိသတ်ကြီးရေ ပိုင်တံခွန် ကတော့ ပရိသတ်တွေ ရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိ ထားတဲ့ ပရိသတ်အချစ်တော် မော်ဒယ်လ် မင်းသားချောလေးပဲဖြစ်ပါတယ်။ ပြည်တွင်းမှာသာမက ပြည်ပ နိုင်ငံတော်တော် များများအထိပါ ထိုးဖောက်နိုင်တဲ့ အထိအောင်မြင်မှုတွေ ရရှိထား နိုင်ခဲ့တဲ့ ပြည်သူ့အချစ်တော် တစ်ယောက်ပါ။

သူဟာ နွေဦးတော်လှန်ရေးမှာ အမှန်တရားဘက်က ရဲရဲတောက်ရပ်တည်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ထိုကြောင့် စကစ ရဲ့မတရားဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်၊ဖမ်းဆီးခံရပြီးတစ်နှစ်‌ကျော်မှ လွတ်မြောက်လာသူဖြစ်ပါတယ်။လတ်တလောမှာတော့ ပိုင်တံခွန်က အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေခဲ့ပြီး အနုပညာအလုပ်တွေက စန်းပြည့်ဝလွန်းလှတာကြောင့် မနားတမ်းကို အနုပညာအလုပ်တွေလုပ်ကိုင်နေခဲ့ရပါတယ်။

ယနေ့မှာတော့လက်ခံထားတဲ့ပွဲတက်တွေ ဖျက်လိုက်တဲ့အကြောင်းယခုလိုပဲ ပြေပြလာပါတယ်။မနှစ်က ဒီလိုနေ့ မနက် ၄ နာရီကျွန်တော် တစ်နှစ်နီးပါး ဆင်းရဲဒုက္ခခံစားခဲ့ရပါတယ်ဒါပေမယ့် ကျနော့်ထက် အခုချိန်မှာ ပိုခက်ခဲ ကြပ်တည်းနေတဲ့ သူတွေရှိတာ ကျနော် နားလည်ပါတယ်။ဒါကြောင့် ဒီအတောအတွင်း လက်ခံထားတဲ့ ပွဲတက် တွေ အားလုံး ကျနော့်ဘက်က တရားဝင် ဖျက်သိမ်းလိုက်ပါပြီ။ဆိုပြီးရေးသားလာပါတယ် ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးပါပရိတ်သတ်ကြီးရေ။

Credit……

ZAWGYI




Credit……