ပရိသတ်ကြီးရေ Myanmar Idol Season (3) ရဲ့ Winner ဆုရှင်တစ်ယောက် ဖြစ်တဲ့ ဖြိုးမြတ်အောင် ကတော့ သူ့ရဲ့သီချင်း သီဆိုမှုကြောင့် ရော သူ့ရဲ့ရိုးသားတဲ့ပုံစံကြောင့်ရော ပရိသတ်တွေ ရဲ့ အားပေးချစ်ခင်မှုကို ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်ဟာ အခုဆိုရင် အဆိုတော် တစ်ယောက်အဖြစ် အောင်မြင်နေပြီဖြစ်ပြီး သူ့ရဲ့ကိုယ်ပိုင် အယ်လ်ဘမ် ကိုလည်း ထုတ်လုပ် ထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ လတ်တလော မှာတော့ ဖြိုးမြတ်အောင် ဟာ ဘာသာရေးဘက်ကို ဦးစားပေးလုပ်ကိုင်နေပြီး ဘုန်းတော်ကြီးတွေ ရဲ့ ဝေယျာဝစ္စတွေ ကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာလည်း ဖြိုးမြတ်အောင် ဟာ ဘုန်းကြီးသိက္ခာ ထပ်ပွဲတစ်ခုမှာ သီချင်းဆိုပေးခဲ့ပြီး သူ့လိုပဲ သီချင်းလာ ဆိုပေးတဲ့ ညီမလေး မေသက်ထားဆွေ နဲ့ အတူတူ မြန်မာသံစဉ် တေးသီချင်းလေးတစ်ပုဒ်ကို သီဆိုခဲ့ပါတယ်။ မေသက်ထားဆွေ က “ဒီမောင်နှမနှစ်ယောက် ဘာသီချင်းဆိုနေ တာပါလိမ့်🤍 ကိုကြီးဖြိုးက ဒါလည်း ဆိုနိုင်ပါတယ်နော့ သူ့ညီမက တောင်းဆိုတော့ ဆိုပေးရှာတယ်။ ရိုက်ထားမိသလောက်လေး တင်ပေး လိုက်ပါတယ်ရှင်☺️” ဆိုပြီး သူတို့မောင်နှမနှစ်ယောက်သီဆိုထားတဲ့ သီချင်းဗီဒီယို လေးကို မျှဝေပေးလာပါတယ်။

ဖြိုးမြတ်အောင် ကတော့ မြန်မာသံစဉ်တေးသီချင်းတွေ ကို သီဆိုနေကျ လူမဟုတ်ပေမယ့် ညီမလေးမေသက်ထားဆွေ တောင်းဆိုတဲ့အခါ “နှလုံးသားကိုအလှဆင်ပါ” သီချင်းလေးကို သီဆိုပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖြိုးမြတ်အောင် နဲ့ မေသက်ထားဆွေတို့ မောင်နှမ နှစ်ယောက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။

Source: Maythethtar Swe
Credit ; Cele Active World

ZAWGYI

ပရိသတ္ႀကီးေရ Myanmar Idol Season (3) ရဲ့ Winner ဆုရွင္တစ္ေယာက္ ျဖစ္တဲ့ ၿဖိဳးျမတ္ေအာင္ ကေတာ့ သူ႔ရဲ့သီခ်င္း သီဆိုမႈေၾကာင့္ ေရာ သူ႔ရဲ့ရိုးသားတဲ့ပုံစံေၾကာင့္ေရာ ပရိသတ္ေတြ ရဲ့ အားေပးခ်စ္ခင္မႈကို ရရွိထားသူတစ္ေယာက္ ျဖစ္ပါတယ္။ ၿဖိဳးျမတ္ေအာင္ဟာ အခုဆိုရင္ အဆိုေတာ္ တစ္ေယာက္အျဖစ္ ေအာင္ျမင္ေနၿပီျဖစ္ၿပီး သူ႔ရဲ့ကိုယ္ပိုင္ အယ္လ္ဘမ္ ကိုလည္း ထုတ္လုပ္ ထားနိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ လတ္တေလာ မွာေတာ့ ၿဖိဳးျမတ္ေအာင္ ဟာ ဘာသာေရးဘက္ကို ဦးစားေပးလုပ္ကိုင္ေနၿပီး ဘုန္းေတာ္ႀကီးေတြ ရဲ့ ေဝယ်ာဝစၥေတြ ကို လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။

ဒီတစ္ခါမွာလည္း ၿဖိဳးျမတ္ေအာင္ ဟာ ဘုန္းႀကီးသိကၡာ ထပ္ပြဲတစ္ခုမွာ သီခ်င္းဆိုေပးခဲ့ၿပီး သူ႔လိုပဲ သီခ်င္းလာ ဆိုေပးတဲ့ ညီမေလး ေမသက္ထားေဆြ နဲ႔ အတူတူ ျမန္မာသံစဥ္ ေတးသီခ်င္းေလးတစ္ပုဒ္ကို သီဆိုခဲ့ပါတယ္။ ေမသက္ထားေဆြ က “ဒီေမာင္ႏွမႏွစ္ေယာက္ ဘာသီခ်င္းဆိုေန တာပါလိမ့္🤍 ကိုႀကီးၿဖိဳးက ဒါလည္း ဆိုနိုင္ပါတယ္ေနာ့ သူ႔ညီမက ေတာင္းဆိုေတာ့ ဆိုေပးရွာတယ္။ ရိုက္ထားမိသေလာက္ေလး တင္ေပး လိုက္ပါတယ္ရွင္☺️” ဆိုၿပီး သူတို႔ေမာင္ႏွမႏွစ္ေယာက္သီဆိုထားတဲ့ သီခ်င္းဗီဒီယို ေလးကို မၽွေဝေပးလာပါတယ္။

ၿဖိဳးျမတ္ေအာင္ ကေတာ့ ျမန္မာသံစဥ္ေတးသီခ်င္းေတြ ကို သီဆိုေနက် လူမဟုတ္ေပမယ့္ ညီမေလးေမသက္ထားေဆြ ေတာင္းဆိုတဲ့အခါ “ႏွလုံးသားကိုအလွဆင္ပါ” သီခ်င္းေလးကို သီဆိုေပးခဲ့တာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ၿဖိဳးျမတ္ေအာင္ နဲ႔ ေမသက္ထားေဆြတို႔ ေမာင္ႏွမ ႏွစ္ေယာက္ရဲ့ ဗီဒီယိုေလးကိုၾကည့္ၿပီး သေဘာက်ၾကမယ္ ထင္ပါတယ္ေနာ္။

Source: Maythethtar Swe
Credit ; Cele Active World