ပရိသတ်တွေ အားလုံးသိပြီး ဖြစ်တဲ့ အနုပညာရှင် နေမျိုးအောင်ကတော့ ချစ်ရတဲ့ ဇနီးချောလေးအာဗြဲစိန်နဲ့ သားနှစ်ယောက်ကိုပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ သားကြီ းမင်းထိုက်ကတော့ ဖခင်ရဲ့အနုပညာအမွေကို ဆက်ခံပြီး အနုပညာလောကမှာ လူငယ်ပီပီ ကြိုးစားချင်တဲ့ စိတ်ဓာတ်တွေကြောင့် ပရိသတ်တွေ လက်ခံလာပြီး အောင်မြင်မှုလမ်းပေါ်မှာရောက်ရှိနေတာကတော့ ဖြစ်ပါတယ်။အဖေရဲ့အနုပညာသွေးတွေကြောင့်လည်း ခုလိုအချိန်တို အတွင်းမှာ ပရိသတ်တွေလက်ခံရလောက်တဲ့အထိအောင်မြင်နေတာပြီး သားငယ်လေးကတော့ ကျောင်းတက်ေ နဆဲပါ ။

ပရိသတ်တွေကလည်း ချစ်စရာကောင်းပြီး နွေးထွေးတဲ့ နေမျိုးအောင်တို့တစ်မိသားစုလုံးကိုချစ်ခင်စွာနဲ့အားပေးကြတာပဲဖြစ်ပါတယ်။ဒီကနေ့့ ဇူလိုင်လ (၆) ရက်နေ့ကတော့ နေမျိုးအောင်ရဲ့သား သရုပ်ဆောင် မင်းထိုက်ရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ မင်းထိုက်က ဒီကနေ့မှာကျရောက်တဲ့သူ့ရဲ့မွေးနေ့မှာ မိဘနှစ်ပါးဆီကထူးခြားတဲ့မွေးနေ့လက်ဆောင်လေးရရှိခဲ့လို့ပျော်ရွှင်နေတဲ့အကြောင်းကို “ကျေးဇူးပါ ဖေဖေနဲ့ မေမေ.. ဖေဖေနဲ့ မေမေတို့ရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့တင် သားလုံလောက်နေပါပြီ။ အရမ်းချစ်တယ်။ ဖေဖေနဲ့ မေမေ အမြဲအေးချမ်းပါစေ” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာ ကနေတဆင့် ပြောလာတာပဲဖြစ်ပါတယ်။

နေမျိုးအောင်တို့မိသားစုကအရမ်းကိုနွေးထွေးပြီး ပျော်ရွှင်စရာကောင်းတဲ့ အပြင် နေမျိုးအောင်တို့ဇနီးမောင်နှံကသားတွေအပေါ် အပြည့်အဝပံ့ပိုးပေးနိုင်သူတွေဖြစ်ပြီး သားတွေစိတ်ချမ်းသာအောင် အမြဲတမ်းဖန်တီးပေးနေလျက်ရှိတာပဲဖြစ်ပါတယ်။သားလေးတွေကို အရမ်းချစ်တတ်တဲ့ နေမျိုးအောင်တို့မိသားစုလေးကိုကြည့်ရတာ အရမ်းကိုအားကျစရာကောင်းလှပါတယ်နော်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလည်း သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ပါစေ…။

Source: Min Htike’s fb

Credit ; Celebrity Platforms

zawgyi

ပရိသတ္ေတြ အားလုံးသိၿပီး ျဖစ္တဲ့ အႏုပညာရွင္ ေနမ်ိဳးေအာင္ကေတာ့ ခ်စ္ရတဲ့ ဇနီးေခ်ာေလးအာျဗဲစိန္နဲ႔ သားႏွစ္ေယာက္ကိုပိုင္ဆိုင္ထားၿပီး သာယာေပ်ာ္ရႊင္တဲ့မိသားစုဘဝေလးကို ပိုင္ဆိုင္ထားတဲ့ အႏုပညာရွင္တစ္ေယာက္ပါ ။ သားႀကီ းမင္းထိုက္ကေတာ့ ဖခင္ရဲ့အႏုပညာအေမြကို ဆက္ခံၿပီး အႏုပညာေလာကမွာ လူငယ္ပီပီ ႀကိဳးစားခ်င္တဲ့ စိတ္ဓာတ္ေတြေၾကာင့္ ပရိသတ္ေတြ လက္ခံလာၿပီး ေအာင္ျမင္မႈလမ္းေပၚမွာေရာက္ရွိေနတာကေတာ့ ျဖစ္ပါတယ္။အေဖရဲ့အႏုပညာေသြးေတြေၾကာင့္လည္း ခုလိုအခ်ိန္တို အတြင္းမွာ ပရိသတ္ေတြလက္ခံရေလာက္တဲ့အထိေအာင္ျမင္ေနတာၿပီး သားငယ္ေလးကေတာ့ ေက်ာင္းတက္ေ နဆဲပါ ။

ပရိသတ္ေတြကလည္း ခ်စ္စရာေကာင္းၿပီး ေႏြးေထြးတဲ့ ေနမ်ိဳးေအာင္တို႔တစ္မိသားစုလုံးကိုခ်စ္ခင္စြာနဲ႔အားေပးၾကတာပဲျဖစ္ပါတယ္။ဒီကေန႔့ ဇူလိုင္လ (၆) ရက္ေန႔ကေတာ့ ေနမ်ိဳးေအာင္ရဲ့သား သ႐ုပ္ေဆာင္ မင္းထိုက္ရဲ့ ေမြးေန႔ေလးပဲျဖစ္ပါတယ္။ မင္းထိုက္က ဒီကေန႔မွာက်ေရာက္တဲ့သူ႔ရဲ့ေမြးေန႔မွာ မိဘႏွစ္ပါးဆီကထူးျခားတဲ့ေမြးေန႔လက္ေဆာင္ေလးရရွိခဲ့လို႔ေပ်ာ္ရႊင္ေနတဲ့အေၾကာင္းကို “ေက်းဇူးပါ ေဖေဖနဲ႔ ေမေမ.. ေဖေဖနဲ႔ ေမေမတို႔ရဲ့ ခ်စ္ျခင္းေမတၱာေတြနဲ႔တင္ သားလုံေလာက္ေနပါၿပီ။ အရမ္းခ်စ္တယ္။ ေဖေဖနဲ႔ ေမေမ အျမဲေအးခ်မ္းပါေစ” ဆိုၿပီး သူ႔ရဲ့လူမႈကြန္ယက္စာမ်က္ႏွာ ကေနတဆင့္ ေျပာလာတာပဲျဖစ္ပါတယ္။

ေနမ်ိဳးေအာင္တို႔မိသားစုကအရမ္းကိုေႏြးေထြးၿပီး ေပ်ာ္ရႊင္စရာေကာင္းတဲ့ အျပင္ ေနမ်ိဳးေအာင္တို႔ဇနီးေမာင္ႏွံကသားေတြအေပၚ အျပည့္အဝပံ့ပိုးေပးနိုင္သူေတြျဖစ္ၿပီး သားေတြစိတ္ခ်မ္းသာေအာင္ အျမဲတမ္းဖန္တီးေပးေနလ်က္ရွိတာပဲျဖစ္ပါတယ္။သားေလးေတြကို အရမ္းခ်စ္တတ္တဲ့ ေနမ်ိဳးေအာင္တို႔မိသားစုေလးကိုၾကည့္ရတာ အရမ္းကိုအားက်စရာေကာင္းလွပါတယ္ေနာ္။ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးလည္း သာယာေပ်ာ္ရႊင္ဖြယ္ေကာင္းတဲ့ ေန႔ေလးတစ္ေန႔ကိုပိုင္ဆိုင္နိုင္ပါေစ…။

Source: Min Htike’s fb

Credit ; Celebrity Platforms