ACID အဖွဲ့ရဲ့ အဆိုတော်တစ်ယောက်လည်းဖြစ်သလို NLD ပါတီဝင် နိုင်ငံရေးလှုပ်ရှားသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဇေယျာသော်ကွယ်လွန်ခြင်းအတွက် တစ်နိုင်ငံလုံးက စိတ်မကောင်းဖြစ်နေကြသလို ဇေယျာသော်ရဲ့ သူငယ်ချင်း ACID အဖွဲ့က ရန်ရန်ချမ်းကလည်း စိတ်မကောင်းကြီးစွာ ဖြစ်နေတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် မနေ့က ဇူလိုင်လ (၂၇) ရက်နေ့ညမှာတော့ ရန်ရန်ချမ်းက ဇေယျာသော် နောက်ဆုံးဆိုသွားခဲ့တဲ့ သီချင်းလေးကို ချပြလာခဲ့ပါတယ်။

ရန်ရန်ချမ်းက “ဒီသီချင်းလေးဟာ ဇေယျာသော်နောက်ဆုံးဆိုသွားတဲ့သီချင်းလေးဖြစ်ပါတယ်။ အမှန်က ဒီသီချင်းလေးမှာ တစ်ခြားသူငယ်ချင်းတွေပါပါသေးတယ်အကြောင်းအမျိုးမျိုးကြောင့်ကျွန်တော်တို့သုံးယောက်ပဲပါနိုင်ခဲ့ပါတယ်။ တိုင်းပြည်အခြေအနေကြောင့် ကျွန်တော်တို့မထုတ်တော့ဘူးလို့ဆုံးဖြတ်ခဲ့ကြပေမဲ့ဒီအချိန်ဟာထုတ်ဖို့အသင့်ဆုံးလို့ယူစတာရော ဒီသီချင်းလေးကိုဝိုင်းclick ရာကရတဲ့ ငွေတွေကိုတော်လှန်ရေးအတွက်အသုံးပြုချင်တာရော ကြောင့်ထုတ်ဖြစ်ခဲ့ပါတယ်။ ” ဆိုပြီး ဇေယျာသော်ရဲ့ နောက်ဆုံးသီချင်း “ငါတို့ဒဏ္ဍာရီ” သီချင်းကို မျှဝေလာပါတယ်။

“ငါတို့ဒဏ္ဍာရီ” သီချင်းလေးကို WE CLICK Youtube စာမျက်နှာမှာ တင်ထားတာဖြစ်ပြီး ပရိသတ်တွေလည်း သီချင်းလေးကို နားဆင် Click ရင်း တော်လှန်ရေးအတွက် အလှူငွေတွေ လှူဒါန်းလို့ရမှာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း “ငါတို့ဒဏ္ဍာရီ” သီချင်းလေး နားဆင်ရင်း သူရဲကောင်းကြီးဇေယျာသော်ကို သတိရနေမိမယ်ဆိုတာ အသေအချာပါပဲ။ဖတ်ရှူ့ပေးတဲ့ပရိတ်သတ် တယောက်စီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။

Credit.
Source: Yan Yan Chan

zawgyi

ACID အဖြဲ႕ရဲ့ အဆိုေတာ္တစ္ေယာက္လည္းျဖစ္သလို NLD ပါတီဝင္ နိုင္ငံေရးလႈပ္ရွားသူတစ္ေယာက္လည္းျဖစ္ပါတယ္။ ေဇယ်ာေသာ္ကြယ္လြန္ျခင္းအတြက္ တစ္နိုင္ငံလုံးက စိတ္မေကာင္းျဖစ္ေနၾကသလို ေဇယ်ာေသာ္ရဲ့ သူငယ္ခ်င္း ACID အဖြဲ႕က ရန္ရန္ခ်မ္းကလည္း စိတ္မေကာင္းႀကီးစြာ ျဖစ္ေနတာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ မေန႔က ဇူလိုင္လ (၂၇) ရက္ေန႔ညမွာေတာ့ ရန္ရန္ခ်မ္းက ေဇယ်ာေသာ္ ေနာက္ဆုံးဆိုသြားခဲ့တဲ့ သီခ်င္းေလးကို ခ်ျပလာခဲ့ပါတယ္။

ရန္ရန္ခ်မ္းက “ဒီသီခ်င္းေလးဟာ ေဇယ်ာေသာ္ေနာက္ဆုံးဆိုသြားတဲ့သီခ်င္းေလးျဖစ္ပါတယ္။ အမွန္က ဒီသီခ်င္းေလးမွာ တစ္ျခားသူငယ္ခ်င္းေတြပါပါေသးတယ္အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ကၽြန္ေတာ္တို႔သုံးေယာက္ပဲပါနိုင္ခဲ့ပါတယ္။ တိုင္းျပည္အေျခအေနေၾကာင့္ ကၽြန္ေတာ္တို႔မထုတ္ေတာ့ဘူးလို႔ဆုံးျဖတ္ခဲ့ၾကေပမဲ့ဒီအခ်ိန္ဟာထုတ္ဖို႔အသင့္ဆုံးလို႔ယူစတာေရာ ဒီသီခ်င္းေလးကိုဝိုင္းclick ရာကရတဲ့ ေငြေတြကိုေတာ္လွန္ေရးအတြက္အသုံးျပဳခ်င္တာေရာ ေၾကာင့္ထုတ္ျဖစ္ခဲ့ပါတယ္။ ” ဆိုၿပီး ေဇယ်ာေသာ္ရဲ့ ေနာက္ဆုံးသီခ်င္း “ငါတို႔ဒ႑ာရီ” သီခ်င္းကို မၽွေဝလာပါတယ္။

“ငါတို႔ဒ႑ာရီ” သီခ်င္းေလးကို WE CLICK Youtube စာမ်က္ႏွာမွာ တင္ထားတာျဖစ္ၿပီး ပရိသတ္ေတြလည္း သီခ်င္းေလးကို နားဆင္ Click ရင္း ေတာ္လွန္ေရးအတြက္ အလႉေငြေတြ လႉဒါန္းလို႔ရမွာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း “ငါတို႔ဒ႑ာရီ” သီခ်င္းေလး နားဆင္ရင္း သူရဲေကာင္းႀကီးေဇယ်ာေသာ္ကို သတိရေနမိမယ္ဆိုတာ အေသအခ်ာပါပဲ။ဖတ္ရႉ႔ေပးတဲ့ပရိတ္သတ္ တေယာက္စီတိုင္းကိုေက်းဇူးအထူးတင္ရွိပါတယ္။

Credit.
Source: Yan Yan Chan