ပရိတ်သတ်ကြီးရေ….မြန်မာနိုင်ငံရဲ့ ဂျက်စတင် ဘီဘာဆိုပြီး မိန်းကလေးပရိသတ်တွေ သည်းသည်းလှုပ်ဝန်းရံ အားပေးခြင်းကို ရရှိထားသူကတော့ ဟိန်းမင်းသူပါ။ ယောကျ်ားပီသတဲ့ခန္ဓာကိုယ်နဲ့ ချောမောပြေပြစ် မျက်နှာကို ပိုင်ဆိုင်ထားတဲ့ဟိန်းမင်းသူကိုတော့ ခေတ်သမီးပျိုတော်တော်များများ နှစ်သက်ကြမှာပါ။ဟိန်းမင်းသူကိုတော့ ကြော်ငြာတွေနဲ့ သီချင်းဗွီဒီယို တော်တော်များများမှာ တွေ့မြင်တာဖြစ်ပြီး “တို့ မမနဲ့ တို့” ဆိုတဲ့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲမှာ သူ့ရဲ့သရုပ်ဆောင်ချက်တွေကပီပြင်လွန်းတဲ့အတွက် ပရိတ်သတ် တော်တော်များများရဲ့အားပေးဝန်ရံခြင်းကိုခံခဲ့ရတာပဲဖြစ်ပါတယ်နော်.။
ဟိန်းမင်းသူက အနုပညာအလုပ်တွေကိုဆက်တိုက် လုပ်ကိုင်နေတာဆိုပေမယ့်လည်းသူ့ရဲ့မိသားစုဝင်တွေကိုတော့ ဂရုစိုက်ဖို့ မမေ့လျော့သူတစ်ယောက်လည်းဖြစ်ပါတယ်။မိဘအပေါ်သိတတ်လိမ္မာလွန်းတဲ့ ဟိန်းမင်းသူက ဒီကနေ့မှ ာဆိုရင်လည်း သူ့ရဲ့မေမေကို Surprise လုပ်ခဲ့တဲ့ ဗီဒိယိုလေးတစ်ခုကို မျှaဝပေးလာပါတယ်။ ဖုန်းဟောင်းလေးကိုပဲကိုင်နေရတဲ့ မိခင်ဖြစ်သူကို မထင်မှတ်လောက်တဲ့ တန်ဖိုးကြီး iphone တစ်လုံး လက်ဆောင်ပေးခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။
မိခင်ဖြစ်သူရဲ့ဖုန်းကို တိုက်ပေါ်ကပြုတ်ကျတယ်ဆိုပြီးဟန်ဆောင်ကာ မိခင်ကို စိတ်ဆိုးအောင်လုပ်ပြီး တန်ဖိုးကြီး iphone တစ်လုံးကိုSurprise လက်ဆောင်အဖြစ်ပေးခဲ့တာပဲဖြစ်ပါတယ်။မိဘအပေါ်သိတတ် တဲ့ဟိန်းမင်းသူရဲ့Surpriseဗီဒီယိုလေးကို ကြည့်ပြီး ပရိတ်သတ် တွေလည်း အပျော်တွေကူးစက်မယ်လို့ထင်ပါတယ်နော်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလည်း သာယာပျော်ရွှင်ဖွယ် ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ပါစေ။
Source: Hein Min Thu’s fb
Credit ; Celebrity Platforms
zawgyi
Source: Hein Min Thu’s fb