ပရိသတ်ကြီးရေ မြန်မာဇာတ်ကားတွေမှာ ပီပြင်ပိုင်နိုင်တဲ့ ထိထိမိမိသရုပ်ဆောင်ချက်တွေနဲ့ ညှို့အားပြင်းအလှကြောင့် ပရိသတ်တွေရဲ့ အသည်းစွဲ ဖြစ်ခဲ့ရသူကတော့ အနုပညာရှင် မင်းသမီးချော မိုးဟေကို ပဲဖြစ်ပါတယ်။

မိုးဟေကို ဟာ ယခင်ကတော့ အဆက်မပြတ်ဆိုသလို အနုပညာ လှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့ပေမယ့် သူမရဲ့ မိခင်ဖြစ်သူ နာမကျန်း ဖြစ်ချိန်မှ စကာ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားကာ သူမအမေအနားမှာပဲ သူမအမေ ကွယ်လွန်သွားတဲ့ အချိန်ထိ သေချာအသေးစိတ် ဂရုစိုက်ပေးခဲ့တဲ့ သမီးကောင်း တစ်ယောက်ဖြစ်ပါတယ်။

ယခုအခါမှာ လည်း မိုးဟေကို အနေနဲ့ မိခင်ဖြစ်သူရဲ့ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အလှူအဖြစ် ဗောဓိရိပ်ငြိမ်ဆရာတော်ဘုရားကြီးအား ဆွမ်းသင်္ကန်း နဲ့ ဝတ္ထုငွေများအား ကိုယ်တိုင် ဆက်ကပ်ကာ လှူဒါန်းမှုများပြု လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ၎င်းကဲ့သို့ လှူဒါန်းခဲ့ ကြောင်းကို မိတ်ကပ် လင်းလင်း က ” မိုး​မေ​မေ ၁ နှစ်ပြည့်​အားရည်စူး၍ ဗောဓိရိပ်ငြိမ်ဆရာ​တော်ဘုရားကြီးအား ဆွမ်း သက်န်း ဝတ္တု ကုသိုလ်အလှု..အန်တီမြင့်မြတ်​သောဘုံဘဝ က​နေသာဓု​ ခေါ်ဆိုနိုင်ပါ​စေ ” လို့ရေးသားဖော်ပြလာတာဖြစ်ပြီး မိုးဟေကို ရဲ့ ပရိသတ်တွေအနေနဲ့လည်း မိုးဟေကို ရဲ့ အလှူဒါနအတွက် သာဓု အနုမောဒနာ ခေါ်ဆိုနိုင်စေရန် ဖော်ပြလိုက်ရပါတယ်။

Credit….MM Load

ZAWGYI




Credit….MM Load