ဥက္ကာမင်းမောင်ဟာ ဆိုရင် လှပခန့်ညားလှတဲ့ ကောက်ကြောင်းနဲ့ ပရိသတ်တွေ ရဲ့ အားပေးမှုတွေ တခဲနက် ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ ဥက္က ာမင်းမောင်က အနုပညာလှုပ်ရှားမှုတွေနဲ့ ဝေးတဲ့ တိုင်းတစ်ပါးကို ရောက်ရှိနေခဲ့တာ နှစ်အတော်ကြာခဲ့ပြီပဲဖြစ်ပါတယ်။ လူက တိုင်းတစ်ပါးမှာ ရှိနေပေမယ့် ဥက္ကာမင်းမောင်ရဲ့ ပိုင်ဆိုင်မှုတွေထဲက တချို့အရာ တွေကတော့ မြန်မာနိုင်ငံမှာ ကျန်ရှိနေတုန်းပဲ ဖြစ်ပါတယ်။ မကြာသေးမီက မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ ဒဂုံဆိပ်ကမ်း စက်မှုဇုံမီးလောင်မှုဖြစ်စဉ်မှာ ဥက္ကာမင်းမောင် ရဲ့ မိသားစုပိုင် Mercury စားသောက်ဆိုင် လေးလည်း ပါသွားခဲ့ပါတယ်။

မိသားစုပိုင် စားသောက်ဆိုင် တစ်ဆိုင်လုံး မီးထဲပါသွားခဲ့ တာကြောင့် ယူကြုံးမရ ဖြစ်ခဲ့ရတဲ့အပြင် လူသေးဆုံးမှုပါ ဖြစ်ခဲ့ရတဲ့အတွက် ဥက္ကာမင်းမောင်တစ်ယောက် ပိုပြီးကြေကွဲဝမ်းနည်း ဖြစ်ခဲ့ရပါတယ်။ အကြောင်းအရာ အသေးစိတ်ကို ဥက္ကာမင်းမောင်က အခုလိုလေး ဖော်ပြပေးထားပါတယ်။

“သြော်..ကံတရားရယ်.. ရက်စက်လိုက်တာ.. ဒဂုံ ဆိပ်ကမ်းမှာရှိတဲ့ ကျွန်တော်တို့ မိသားစုပိုင် Mercury စားသောက်ဆိုင်နဲ့ Karaoke မီးလောင်ကျွမ်းသွားခဲ့ပါတယ်.. ပစ္စည်းဆုံးရှုံးတာထက် ပိုဆိုးတာက မိန်းခလေး ၂ယောက် မီးထဲ မှာ အသက်ဆုံးရှုံးသွားတဲ့ အတွက် ပိုပြီး စိတ်ထိခိုက်ရပါတယ်.. ကျန်ခဲ့တဲ့ သူတို့မိသားစုဝင်တွေ ဘယ်လောက်ထိ ဝမ်းနည်းပူဆွေးနေရမလဲ ကိုယ်ချင်းစာပါတယ်..ဆုတောင်းပေးပါတယ်

ဒီဘဝ ဒီဝဋ်ကြွေးတွေရှိရင် ကျေပါစေတော့… ညီမငယ်လေးတွေ ကောင်းရာသုဂတိလားပါစေ… ကင်ဆာရောဂါကို ကုနေတဲ့အမေလဲ သူ့ဘဝမှာ အကြိမ်ကြိမ်အခါခါ လဲကျလိုက် ပြန်တည်ဆောက်လိုက်နဲ့ ဒီဆိုင်လေးကို အခက်အခဲ ပေါင်းများစွာနဲ့ပြန်လည် တည်ဆောက်ထားတာမကြာသေးဘူး အခုတော့လဲ နေ့ချင်းညချင်း ပျက်စီးသွားခဲ့ပြီ… မီးသတ်များရော, အခု အချိန်မှာ ဒီကိစ္စအတွက် အစစအရာရာ ကူညီပေးနေကြတဲ့ သူများအားလုံးကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်.. အရာရာအားလုံးအတွက် စိတ်ထဲ တော်တော် မကောင်းဘူး..”

မီးထဲပါသွားတဲ့ ဆိုင်လေးကို ဥက္ကာမင်းမောင်ရဲ့ မိခင်ကြီးက ကင်ဆာရောဂါ ကုသနေတဲ့ ကြားကနေ ခက်ခက်ခဲခဲ ဖွင့်လှစ်ထားခဲ့တာလို့ သိရပါတယ်။ ဘာမှ မကျန်တော့အောင် မီးထဲက ပါသွားခဲ့တဲ့အပြင် လူသေဆုံးမှုပါ ဖြစ်ခဲ့ရတဲ့ ဥက္ကာမင်းမောင်ရဲ့ဆိုင်လေး အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Credit

zawgyi

ဥကၠာမင္းေမာင္ဟာ ဆိုရင္ လွပခန႔္ညားလွတဲ့ ေကာက္ေၾကာင္းနဲ႔ ပရိသတ္ေတြ ရဲ့ အားေပးမႈေတြ တခဲနက္ ရရွိခဲ့တဲ့သူျဖစ္ပါတယ္။ ဥကၠ ာမင္းေမာင္က အႏုပညာလႈပ္ရွားမႈေတြနဲ႔ ေဝးတဲ့ တိုင္းတစ္ပါးကို ေရာက္ရွိေနခဲ့တာ ႏွစ္အေတာ္ၾကာခဲ့ၿပီပဲျဖစ္ပါတယ္။ လူက တိုင္းတစ္ပါးမွာ ရွိေနေပမယ့္ ဥကၠာမင္းေမာင္ရဲ့ ပိုင္ဆိုင္မႈေတြထဲက တခ်ိဳ႕အရာ ေတြကေတာ့ ျမန္မာနိုင္ငံမွာ က်န္ရွိေနတုန္းပဲ ျဖစ္ပါတယ္။ မၾကာေသးမီက မီးေလာင္မႈ ျဖစ္ပြားခဲ့တဲ့ ဒဂုံဆိပ္ကမ္း စက္မႈဇုံမီးေလာင္မႈျဖစ္စဥ္မွာ ဥကၠာမင္းေမာင္ ရဲ့ မိသားစုပိုင္ Mercury စားေသာက္ဆိုင္ ေလးလည္း ပါသြားခဲ့ပါတယ္။

မိသားစုပိုင္ စားေသာက္ဆိုင္ တစ္ဆိုင္လုံး မီးထဲပါသြားခဲ့ တာေၾကာင့္ ယူၾကဳံးမရ ျဖစ္ခဲ့ရတဲ့အျပင္ လူေသးဆုံးမႈပါ ျဖစ္ခဲ့ရတဲ့အတြက္ ဥကၠာမင္းေမာင္တစ္ေယာက္ ပိုၿပီးေၾကကြဲဝမ္းနည္း ျဖစ္ခဲ့ရပါတယ္။ အေၾကာင္းအရာ အေသးစိတ္ကို ဥကၠာမင္းေမာင္က အခုလိုေလး ေဖာ္ျပေပးထားပါတယ္။

“ေၾသာ္..ကံတရားရယ္.. ရက္စက္လိုက္တာ.. ဒဂုံ ဆိပ္ကမ္းမွာရွိတဲ့ ကၽြန္ေတာ္တို႔ မိသားစုပိုင္ Mercury စားေသာက္ဆိုင္နဲ႔ Karaoke မီးေလာင္ကၽြမ္းသြားခဲ့ပါတယ္.. ပစၥည္းဆုံးရႈံးတာထက္ ပိုဆိုးတာက မိန္းခေလး ၂ေယာက္ မီးထဲ မွာ အသက္ဆုံးရႈံးသြားတဲ့ အတြက္ ပိုၿပီး စိတ္ထိခိုက္ရပါတယ္.. က်န္ခဲ့တဲ့ သူတို႔မိသားစုဝင္ေတြ ဘယ္ေလာက္ထိ ဝမ္းနည္းပူေဆြးေနရမလဲ ကိုယ္ခ်င္းစာပါတယ္..ဆုေတာင္းေပးပါတယ္

ဒီဘဝ ဒီဝဋ္ေႂကြးေတြရွိရင္ ေက်ပါေစေတာ့… ညီမငယ္ေလးေတြ ေကာင္းရာသုဂတိလားပါေစ… ကင္ဆာေရာဂါကို ကုေနတဲ့အေမလဲ သူ႔ဘဝမွာ အႀကိမ္ႀကိမ္အခါခါ လဲက်လိုက္ ျပန္တည္ေဆာက္လိုက္နဲ႔ ဒီဆိုင္ေလးကို အခက္အခဲ ေပါင္းမ်ားစြာနဲ႔ျပန္လည္ တည္ေဆာက္ထားတာမၾကာေသးဘူး အခုေတာ့လဲ ေန႔ခ်င္းညခ်င္း ပ်က္စီးသြားခဲ့ၿပီ… မီးသတ္မ်ားေရာ, အခု အခ်ိန္မွာ ဒီကိစၥအတြက္ အစစအရာရာ ကူညီေပးေနၾကတဲ့ သူမ်ားအားလုံးကိုလဲ ေက်းဇူးအထူးတင္ရွိပါတယ္.. အရာရာအားလုံးအတြက္ စိတ္ထဲ ေတာ္ေတာ္ မေကာင္းဘူး..”

မီးထဲပါသြားတဲ့ ဆိုင္ေလးကို ဥကၠာမင္းေမာင္ရဲ့ မိခင္ႀကီးက ကင္ဆာေရာဂါ ကုသေနတဲ့ ၾကားကေန ခက္ခက္ခဲခဲ ဖြင့္လွစ္ထားခဲ့တာလို႔ သိရပါတယ္။ ဘာမွ မက်န္ေတာ့ေအာင္ မီးထဲက ပါသြားခဲ့တဲ့အျပင္ လူေသဆုံးမႈပါ ျဖစ္ခဲ့ရတဲ့ ဥကၠာမင္းေမာင္ရဲ့ဆိုင္ေလး အေၾကာင္းကို ပရိသတ္ႀကီးအတြက္ ေဝမၽွေပးလိုက္ပါတယ္။

Credit..