ပရိသတ်ကြီးရေ မြန်မာ့ရုပ်ရှင် လောကမှာ အောင်မြင်တဲ့ ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ သည်ခေတ်နေ ကိုတော့ ရုပ်ရှင် ချစ်ပရိသတ်တိုင်း သိကြလိမ့်မယ် ထင်ပါတယ်နော်။ ရုပ်ရှင် ဇာတ်ကားတွေကို အကောင်းဆုံးဖန်တီးရိုက်ကူးနိုင်တဲ့ ဒါရိုက်တာ သည်ခေတ်နေ ဟာ MRTV-4 မှာထုတ်လွှင့် ပြသခဲ့တဲ့ နာမည်ကြီးဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ” မနေ့ကဖြစ်သည်” ဇာတ်လမ်းတွဲ ကို ရိုက်ကူးခဲ့သူလဲ ဖြစ်ပါတယ်။

သူဟာ လက်ရှိမှာ ပုဒ်မ ၅၀၅ က နဲ့တရားစွဲဆို ခံထားရတာကြောင့် ခက်ခဲ ကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို မိသားစုနဲ့အတူ တိမ်းရှောင်နေရပါတယ်။ ဒါရိုက်တာ သည်ခေတ်နေ ဟာ မြန်မာပြည်မှာ မီးတစ်နေ့ ကို ၅ နာရီပျက်နေတဲ့ အချိန်မှာ ပြည်သူပြည်သားတွေ အသုံးဝင်စေမယ့် ပစ္စည်းတစ်ခုကို ပြသလိုက်ပါတယ်။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ” အောက်ပါ ရေနံဆီမီးအိမ် ဟာ ရေနံဆီ အပြည့်သာရှိမယ်ဆို တစ်ခါထွန်း ၅ နာရီနီးပါးခံပါတယ်

မီးတစ်ခါပျက်၅နာရီဆိုတဲ့ ခုလိုချိန်မှာ(လုံးဝ)အသုံးဝင်မယ် ထင်ပါတယ် ဗမှားပြည်ကြီးဂွတ်လဒ်ပါ သည်ခေတ်နေ ” လို့ သူ့ရဲ့လူမူ့ကွန်ယက်စာမျက်နှာ‌မှာ‌ ဓာတ်ပုံလေးနဲ့အတူ ရေးသားမျှဝေ ထားတာကြောင့် ပရိသတ်တွေ သဘောကျနေကြပါတယ်။ပရိသတ်ကြီးရေ ဒါရိုက်တာ သည်ခေတ်နေ ပြသလိုက်တဲ့ ပစ္စည်းလေးကို သဘောကျရဲ့လား??? စာဖတ်ပရိသတ်ကြီးလဲ မီးတွေခဏခဏပျက်နေလို့ အကုန်အကျသက်သာတဲ့ ရေနံဆီမီးအိမ်တွေ ဆောင်ထားသင့်ပြီလို့ထင်ပါတယ်။

Credit……

ZAWGYI




Credit……