ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ ပရိသတ်တွေ ရဲ့အချစ်တော် ပရဟိတမင်းသမီး တစ်လက်ပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေရဲ့ ပရဟိတစိတ်ဓာတ်ပြင်းထန်ပုံနဲ့ အလှူအတန်းရက်ရောပြီး အလှူရေစက်လက်နဲ့မကွာဆိုသလို ပြုလုပ်တတ်ပုံကိုတော့ ပရိသတ်တွေကို အထူးတလည်ပြောပြနေစရာလိုမယ်တောင်မထင်ပါဘူးနော်။

ခိုင်နှင်းဝေကတော့ မနေ့က ဇူလိုင်လ (၉)ရက်နေ့မှာလည်း မွန်မြတ်လှတဲ့ အလှူဒါနလေး တစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ အလှူလေးပြုလုပ်ခဲ့ကြောင်းလည်း ခိုင်နှင်းဝေက “ခုနှစ်ရက် သားသမီး စုပေါင်း ကုသိုလ်လေး အဖြစ် ဘိုးဘွားများအား သင်္ကန်း နှင့် ငွေသား (၅) ထောင်ကျပ်ဆီ လှုဒါန်း ကုသိုလ်ပြုခဲ့ပါတယ်ရှင်..ဝါဆို သင်္ကန်း ကပ်ချင်တဲ့ ဘိုးဘွားများ ကုသိုလ်ပြုဘို့ အတွက်ပါ..


ပီတိကုသိုလ်လေးများလဲ ထပ်ဆင့်ပွားများ နိုင်ကြပါစေရှင်” ဆိုပြီးသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဗီဒီယိုဖိုင်လေး နဲ့အတူ မျှဝေဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ခိုင်နှင်းဝေရဲ့ မွန်မြတ်လှတဲ့ အလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Credit .CeleGabar
Source – Khine Hnin Wai

zawgyi




Source – Khine Hnin Wai
Credit – CeleGabar