ပရိသတ်ကြီးရေ ဇာတ်လမ်းတွဲ မင်းသမီးလေး ဆောင်းဝတ်ရည်မေ ကတော့ လက်ရှိမှာ ပရိသတ် တွေ ကြားမှာ ရေပန်းစားနေ တဲ့ မင်းသမီးလေး တစ်လက် လို့ဆိုရမှာပါနော်။ဆောင်းဝတ်ရည်မေ လေးကတော့ ဇာတ်လမ်းတွဲ တွေသာမက ရုပ်ရှင် ဇာတ်ကားကြီးတွေမှာ လည်း ပါဝင်လာကာ အောင်မြင်မှု လမ်းကြောင်းပေါ်ရောက်ရှိနေတဲ့ မင်းသမီးတစ်လက် လို့ ဆိုနိုင်နေပါပြီနော်။

သူများနဲ့မတူတဲ့ ချစ်စရာ စကားပြောပုံလေး နဲ့ အတူ ဆောင်းဝတ်ရည်မေ ကတော့ ကိုရီးယားမင်းသမီးလေး အတိုင်း ဘာခွဲစိတ်ပြုပြင်မှုမှ မလုပ်ဘဲ ချောမောလှပနေတဲ့ မင်းသမီးလေးပါပဲ။ချစ်စရာကောင်းတဲ့ အပြုံး နဲ့ ထူးထူး ခြားခြား စကား ပြောပုံ လေးတွေက ယောကျားလေးပရိသတ်တွေ သာမက မိန်းကလေးပရိသတ်တွေကတောင် ချစ်ခင် အားပေးရသူလေး လို့ ဆိုရမှာပါ။

သူမအချစ်ရေးကတော့ တစ်ယောက်ထဲ Single အဖြစ်နဲ့ အေးဆေး တည်ငြိမ်စွာ လျှောက်လှမ်းနေတာ ဖြစ်ပြီး သူမ ရဲ့ အချစ်တွေ အကုန်လုံးကို ပရိသတ်တွေကို အကုန် ပေးထားတယ်လို့ လည်း ဆိုထား ပါသေးတယ်။လက် ရှိ မှာလည်း ”မျှော်နေကြတဲ့ သူတွေအတွက်ပေါ့ စန္ဒာကျော် အဖြစ် coming back 💕 Drama တွေပဲကြည့်နေရလို့ မောပန်းနေ ပြီလား ?

ဒါဆိုရင် ပျော်စရာ ဟာသလေးတွေ ကြည့်ပြီး စိတ်အမောဖြေ ကြစို့လေ နော်…..ဆုတောင်း” ဆိုတဲ့ ဇာတ်လမ်းတွဲ သစ်လေးမှာ မောင်တွေ / ညီမတွေ နဲ့ လုပ်ဖော် ကိုင်ဖက်တွေ အတွက် ပါဝင် ကူညီ အားဖြည့် ပေးထားတယ်။ ”ဆိုတဲ့ စာလေးနဲ့ မကြာခင်မှာ ၂၂.၃.၂၀၂၂ ပြသတော့မယ့် သူမရဲ့ ဇာတ်လမ်းတွဲကို အားပေးဖို့ ချစ်တဲ့ပရိသတ်တွေကိုသတင်း ကောင်းပါးလာခဲ့တာပါ ပရိသတ်တွေလည်း စန္ဒာကျော်လေးကိုအားပေးဖို့ အသင့်ပဲလားဆိုတာ မှတ်ချက် ပေးခဲ့ပါဦးနော်။

credit to.original writer

ZAWGYI




