မင်းသမီးချောလေး စမိုင်းလ်ကတော့ ပရိသတ်တွေ ရဲ့ ချစ်ခြင်းမေတ္တာတွေကို ပိုင်ဆိုင်ထားပြီး အနုပညာ အလုပ်တွေကို အနည်းအကျဉ်းလုပ်ဆောင်နေတဲ့သူတစ်ဦးဖြစ်ပါတယ်။ပြီးပြည့်စုံပြီး သာယာတဲ့မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားတာ ကြောင့် ပရိသတ်တွေအားကျချစ်ခင်နေရတဲ့ ချစ်စရာမိသားစုလေးပါပဲ။ဒါ့အပြင် စမိုင်းလ်တို့မိသားစုက အလှူအတန်းဆိုလည်း အရမ်းရက်ရော ကြပြီး မကြာခဏလှူဒါန်းနေကြတာဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း ပရိသတ်တွေ အားလုံးက စမိုင်းလ်တို့ မိသားစုလေးစား အားကျနေကြတာ လည်းဖြစ်ပါတယ် ။သူတို့ မိသားစုရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲဖော်ပြပေးလေ့ရှိတာလည်းတွေ့ရပါတယ် ။ သြဂုတ်လ(၄) ရက်နေ့ကတော့ ဒေါ်ခင်လေးဆွေ ရဲ့ အသက် (၉၀) ပြည့်မွေနေ့လေးပဲဖြစ်ပြီး စမိုင်းလ်က နိုင်ငံရပ်ခြားကိုရောက်ရှိနေပေမယ့် ဘွားဘွားကြီးအတွက် အဝေးကနေမွေးနေ့ပွဲလေးပြုလုပ်ပေးခဲ့ပါတယ်။

စမိုင်းလ်က မွေးနေ့ဖယောင်းတိုင်ကို ကြိုးစားပြီးမှုတ်နေတဲ့ ဘွားဘွားဒေါ်ခင်လေးဆွေ ရဲ့ ချစ်စရာဗီဒီယိုလေးကိုလည်း ပရိသတ်တွေအတွက် အခုလိုပဲ မျှဝေပေးလာခဲ့တာကို တွေ့ရပါတယ်။မှုတ်လို့မရတဲ့ဖယောင်းတိုင်ကြီးကို ကြိုးစားပမ်းစာမှုတ်နေရှာတဲ့အဖွားဒေါ်ခင်လေးဆွေရဲ့ဗီဒီယိုလေးကို ကြည့်ပြီး အပျော်တွေကူးစက်လိမ့်မယ်လို့ထင်ပါတယ်နော်.။

Source: စမိုင်းလ် Smile ‘s fb

Credit

zawgyi






Credit