အနုပညာလောကမှာ ပရိသတ်အချစ်တွေ နဲ့အောင်မြင်စွာ ရပ်တည်နေပြီး ချစ်စရာ သမီးလေးတွေနဲ့အတူ ကြည်နူးပျော်ရွှင်စရာ မိသားစုဘဝလေးကို လက်တွဲညီညီ ပိုင်ဆိုင်ဖြတ်သန်းနေတဲ့ စုံတွဲလေးကတော့ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ စုံတွဲလေးပါပဲ ။လိုက်ဖက်ညီလွန်းပြီး တစ်ယောက်ကို တစ်ယောက် ကြင်နာတတ်တဲ့ ရိုမန်တစ်ပုံရိပ်လေးတွေအပြင် အားကျစရာကောင်းလွန်းတဲ့ မိသားစုပုံရိပ် လေးတွေကလည်း မြင်သူတိုင်းကို အပျော်လေးတွေ ကူးစက်စေပြီး ချစ်စရာသမီးလေး Scarlett နဲ့ သားလေး Jaden လေးကလည်း အသည်းယားစရာ ကောင်းလွန်းတာ အမှန်ပါပဲနော်။
ဒီတစ်ခါမှာဆိုရင်လည်း မြတ်ရတနာကျော်က Ah Boy ရဲ့ ပထမအိမ်ထောင် ကရတဲ့ သမီးငယ် ဖောင်းဖောင်းရဲ့ဒီကနေ့မှာကျရောက်တဲ့ မွေးနေ့လေးကို ရင်ထဲကလာတဲ့ချစ်ခြင်းမေတ္တာစစ်တွေနဲ့ မွေးနေ့ဆုတောင်းပေးလိုက်တာပဲဖြစ်ပါတယ်နော်။မြတ်ရတနာကျော်က “Happy Blessed Birthday Phaung yay 🎂💛 ဘုရားသာ၍ဘိသိတ်ပြီး ဘုရားမျက်နှာသာပေးခြင်းအစဉ်ရှိသောသူဖြစ်ပါစေ 🙏🏻💛” ဆိုပြီး ဖောင်းဖောင်းလေး ရဲ့မွေးနေ့လေးကို သူမတို့နှစ်ယောက်ရဲ့ပုံလေးနဲ့တကွ ဆုမွန်ကောင်းတောင်းပေးလိုက်တာပဲဖြစ်ပါတယ်နော်။
Ah Boy ရဲ့ ပထမအိမ်ထောင်ကရ တဲ့သမီးလေးဆိုပေမယ့်လည်း တကယ့် မိခင်မေတ္တာအပြည့်ထားနိုင်ပြီး သူမရဲ့သမီလေးအရင်းအချာလိုချစ်ပေးနိုင်တဲ့အတွက် သမီးလေးတွေကလည်း မေမေမြတ်ကိုအရမ်းတွယ်တာကြတာပဲဖြစ်ပါတယ်။ သဘောထား ကြီးပြီးစိတ်ထားဖြူစင်တဲ့ မြတ်ရတနာကျော်ရဲ့စိတ်ဈာတ်လေးက တကယ်ကိုလေးစားစရာကောင်းလှပါတယ်နော်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလည်း သာယာပျော်ရွှင်ဖွွယ်ကောင်းတဲ့နေ့လေး တစ်နေ့ကိုပိုင်ဆိ်ုင်နိုင်ပါစေ။
Source: Myat Yadanar Kyaw’s fb
Credit ; Celebrity Platforms
zawgyi