ပရိသတ်ကြီးရေ အဆိုတော် ပိုပို ကတော့ သီချင်းချိုချို အေးအေးလေးတွေကို ပရိသတ်တွေ ရဲ့ ရင်ထဲထိရောက်အောင် သီဆို နိုင်တာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲ အဆိုတော်မလေးတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ ယောက်ကျားဆန်ဆန်ပုံစံလေးကလဲ ပရိသတ်တွေအတွက် တစ်မူထူးခြားလွန်း တာကြောင့် ပိုမိုချစ် ခင်ကြရပြန်ပါတယ်။ ပိုပို ရဲ့ထွက်သမျှ သီချင်းတိုင်းဟာ နာမည်ကြီး ကျော်ကြားခဲ့ပြီး ပရိသတ်တွေ စောင့်ကြည့်အားပေးရတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။

သူမ ဟာ သီချင်းဆိုရာမှာ တော်လွန်းရုံမက အမှန်တရား အတွက် ပြည်သူတွေနဲ့ အတူရပ်တည်ခဲ့ပါသေးတယ်။ ဒါကြောင့်လဲ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံရပြီး အင်းစိန်ထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရပါတယ်။အဆိုတော် ပိုပို ဟာ အင်းစိန်ထောင်မှာ အကျဉ်းကျခံ နေရတာကြောင့် ချစ်တဲ့ ပရိသတ်တွေက စိတ်မကောင်း ဖြစ်နေကြပါတယ်။

သူမကလဲ ချစ်တဲ့ပရိသတ်တွေကို အရမ်းကို လွမ်းနေတယ်ဆိုတဲ့ အကြောင်းကို မန်နေဂျာမှ တစ်ဆင့် သတင်းစကားပါးလိုက်ပါတယ်။” အမှာစကားလေး ပါးလိုက်လို့ပါ ရန်ကုန် fan မုံရွာက fan မန္တ လေးက fan တွေကော အားလုံးကို သတိရနေပါကြောင်းနဲ့ တစ်နိုင်ငံလုံးက ချစ်တဲ့ ပရိတ်သတ်တွေကိုကော သတိရကြောင်းနဲ့ နေကောင်း ကျန်းမာဖို့ အမြဲဆုတောင်းပေးနေပါတယ်။ အားလုံးပဲ ကျန်းမာရေး ဂရုစိုက်ကြပါ လို့ အမှာပါးလိုက်ပါတယ်။ပုံလေးတွေ ကတော့ အလွမ်းပြေတင်ပေးလိုက်တယ်နော်။ လွမ်းနေကြမှာဆိုးလို့ ခုဆို ဆံပင်အတော်ရှည်နေရောပေါ့ ” လို့ ပိုပို ရဲ့ တရားဝင် အကောင့်မှာ ရေးသားထားတာကို တွေ့ရပါတယ်။အဆိုတော် ပိုပို ဟာ တစ်နိုင်ငံလုံးက ချစ်တဲ့ ပရိသတ်တွေကို လွမ်းနေပါ တယ်တဲ့ ။ စာဖတ်ပရိသတ်ကြီးရေ … ပိုပို အတွက် လွမ်းတဲ့အကြောင်းကို ကောမန့်မှာ ရေးသားသွားပေးခဲ့ ပါအုန်းနော်။

CRD:mdatenews

ZAWGYI

ပရိသတ္ႀကီးေရ အဆိုေတာ္ ပိုပို ကေတာ့ သီခ်င္းခ်ိဳခ်ိဳ ေအးေအးေလးေတြကို ပရိသတ္ေတြ ရဲ့ ရင္ထဲထိေရာက္ေအာင္ သီဆို နိုင္တာေၾကာင့္ မိန္းကေလးပရိသတ္ေတြရဲ့ အသည္းစြဲ အဆိုေတာ္မေလးတစ္ဦးျဖစ္ပါတယ္။ သူမရဲ့ ေယာက္က်ားဆန္ဆန္ပုံစံေလးကလဲ ပရိသတ္ေတြအတြက္ တစ္မူထူးျခားလြန္း တာေၾကာင့္ ပိုမိုခ်စ္ ခင္ၾကရျပန္ပါတယ္။ ပိုပို ရဲ့ထြက္သမၽွ သီခ်င္းတိုင္းဟာ နာမည္ႀကီး ေက်ာ္ၾကားခဲ့ၿပီး ပရိသတ္ေတြ ေစာင့္ၾကည့္အားေပးရတဲ့ အဆိုေတာ္တစ္ဦးျဖစ္ပါတယ္။

သူမ ဟာ သီခ်င္းဆိုရာမွာ ေတာ္လြန္း႐ုံမက အမွန္တရား အတြက္ ျပည္သူေတြနဲ႔ အတူရပ္တည္ခဲ့ပါေသးတယ္။ ဒါေၾကာင့္လဲ ပုဒ္မ ၅၀၅ က နဲ႔ တရားစြဲဆိုခံရၿပီး အင္းစိန္ေထာင္မွာ ဖမ္းဆီး ထိန္းသိမ္းခံထားရတာ လေပါင္းမ်ားစြာ ၾကာျမင့္ခဲ့ၿပီး ေထာင္ဒဏ္ ၃ ႏွစ္ခ်မွတ္ခံခဲ့ရပါတယ္။အဆိုေတာ္ ပိုပို ဟာ အင္းစိန္ေထာင္မွာ အက်ဥ္းက်ခံ ေနရတာေၾကာင့္ ခ်စ္တဲ့ ပရိသတ္ေတြက စိတ္မေကာင္း ျဖစ္ေနၾကပါတယ္။

သူမကလဲ ခ်စ္တဲ့ပရိသတ္ေတြကို အရမ္းကို လြမ္းေနတယ္ဆိုတဲ့ အေၾကာင္းကို မန္ေနဂ်ာမွ တစ္ဆင့္ သတင္းစကားပါးလိုက္ပါတယ္။” အမွာစကားေလး ပါးလိုက္လို႔ပါ ရန္ကုန္ fan မုံရြာက fan မႏၲ ေလးက fan ေတြေကာ အားလုံးကို သတိရေနပါေၾကာင္းနဲ႔ တစ္နိုင္ငံလုံးက ခ်စ္တဲ့ ပရိတ္သတ္ေတြကိုေကာ သတိရေၾကာင္းနဲ႔ ေနေကာင္း က်န္းမာဖို႔ အျမဲဆုေတာင္းေပးေနပါတယ္။ အားလုံးပဲ က်န္းမာေရး ဂ႐ုစိုက္ၾကပါ လို႔ အမွာပါးလိုက္ပါတယ္။ပုံေလးေတြ ကေတာ့ အလြမ္းေျပတင္ေပးလိုက္တယ္ေနာ္။ လြမ္းေနၾကမွာဆိုးလို႔ ခုဆို ဆံပင္အေတာ္ရွည္ေနေရာေပါ့ ” လို႔ ပိုပို ရဲ့ တရားဝင္ အေကာင့္မွာ ေရးသားထားတာကို ေတြ႕ရပါတယ္။အဆိုေတာ္ ပိုပို ဟာ တစ္နိုင္ငံလုံးက ခ်စ္တဲ့ ပရိသတ္ေတြကို လြမ္းေနပါ တယ္တဲ့ ။ စာဖတ္ပရိသတ္ႀကီးေရ … ပိုပို အတြက္ လြမ္းတဲ့အေၾကာင္းကို ေကာမန႔္မွာ ေရးသားသြားေပးခဲ့ ပါအုန္းေနာ္။

CRD:mdatenews