ပရဟိတမင်းသမီး ခိုင်နှင်းဝေဟာဆိုရင် စွန့်ပစ်ခံ ရင်သွေးငယ်လေးများ ကို မိဘအရင်း တစ်ယောက်ကဲ့သို့ လက်ခံ ပေးနေတဲ့ သူဖြစ်ပါတယ်။ ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာမှ ကလေးငယ်လေးတွေ ဟာအချင်းချင်း စောင့်ရှောက် တတ်ကြပြီး ရိုင်းပင်းကူညီတတ်ကြတဲ့ ချစ်ဖို့ကောင်းတဲ့ ကလေးငယ်လေးတွေ ဖြစ်ပါတယ်။

လက်ရှိရာသီက မိုးတွင်းကာလကို ရောက်ပြီ ဖြစ်တာကြောင့် ကလေးငယ်လေးတွေ ရဲ့ သွေးလွန်တုတ်ကွေး ရောဂါအတွက် များစွာ စိတ်ပူပန်နေရပြီပဲ ဖြစ်ပါတယ်။ ရာသီအကူးအပြောင်းကာလမှာ ဖျားနာတဲ့ သူတွေလည်း ပေါများလာပြီဖြစ်တာကြောင့် ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများ ဂေဟာက ကလေးငယ်လေးတွေလည်း အုပ်စုလိုက် နေမကောင်းဖြစ်နေ ကြတယ်လို့ သိရပါတယ်။ ကလေးငယ်လေးတွေ နေမကောင်းဖြစ်နေတဲ့ အကြောင်းကို ခိုင်နှင်းဝေမှ အခုလိုလေး ဖော်ပြပေးလာပါတယ်။

“ရာသီကြောင့် ကလေးတွေ နေမကောင်းဖြစ်ကြလို့ အခန်းတွေ သီးသန့် ခွဲထားရပါတယ်..ဆေးရုံတက်ရတဲ့ ကလေးတွေလဲ နေကောင်းလာကြပါပြီ..ကျန်တဲ့ ကလေးတွေလဲ အဖျားတွေ ပျောက်လို့ သက်သာလာကြပါပြီ..အားလုံးပဲကျန်းမာရေးတွေလဲ ဂရုစိုက်ကြပါရှင်..❤️❤️❤️”နေမကောင်းဖြစ်နေကြတဲ့ ကလေးငယ်လေးတွေရဲ့ ပုံရိပ်လေးတွေကို မြင်ရတာ စိတ်မကောင်းဖြစ်မိပါတယ်။လက်ရှိမှာ ဆိုရင်တော့ ကလေးငယ်လေးတွေရဲ့ အဖျား အခြေအနေက တော်တော်လေး သက်သာနေကြပြီလို့ သိရပါတယ်။ ရာသီ အကူးအပြောင်းကာလကို အကောင်းဆုံး ကျော်ဖြတ်ပြီး မေမေခိုင်နှင်းဝေရဲ့ စောင့်ရှောက်မှု နဲ့ကျန်းမာလာတဲ့ ကလေးငယ်လေးတွေ ဖြစ်ကြပါစေလို့ ဆုတောင်းပေးရင်း အခုအကြောင်းအရာလေးကို ဖော်ပြပေးလိုက်ပါတယ်။

Credit….

zawgyi

ပရဟိတမင္းသမီး ခိုင္ႏွင္းေဝဟာဆိုရင္ စြန႔္ပစ္ခံ ရင္ေသြးငယ္ေလးမ်ား ကို မိဘအရင္း တစ္ေယာက္ကဲ့သို႔ လက္ခံ ေပးေနတဲ့ သူျဖစ္ပါတယ္။ ခိုင္ႏွင္းေဝ ရင္ေသြးေလးမ်ား ေဂဟာမွ ကေလးငယ္ေလးေတြ ဟာအခ်င္းခ်င္း ေစာင့္ေရွာက္ တတ္ၾကၿပီး ရိုင္းပင္းကူညီတတ္ၾကတဲ့ ခ်စ္ဖို႔ေကာင္းတဲ့ ကေလးငယ္ေလးေတြ ျဖစ္ပါတယ္။

လက္ရွိရာသီက မိုးတြင္းကာလကို ေရာက္ၿပီ ျဖစ္တာေၾကာင့္ ကေလးငယ္ေလးေတြ ရဲ့ ေသြးလြန္တုတ္ေကြး ေရာဂါအတြက္ မ်ားစြာ စိတ္ပူပန္ေနရၿပီပဲ ျဖစ္ပါတယ္။ ရာသီအကူးအေျပာင္းကာလမွာ ဖ်ားနာတဲ့ သူေတြလည္း ေပါမ်ားလာၿပီျဖစ္တာေၾကာင့္ ခိုင္ႏွင္းေဝရဲ့ ရင္ေသြးေလးမ်ား ေဂဟာက ကေလးငယ္ေလးေတြလည္း အုပ္စုလိုက္ ေနမေကာင္းျဖစ္ေန ၾကတယ္လို႔ သိရပါတယ္။ ကေလးငယ္ေလးေတြ ေနမေကာင္းျဖစ္ေနတဲ့ အေၾကာင္းကို ခိုင္ႏွင္းေဝမွ အခုလိုေလး ေဖာ္ျပေပးလာပါတယ္။

“ရာသီေၾကာင့္ ကေလးေတြ ေနမေကာင္းျဖစ္ၾကလို႔ အခန္းေတြ သီးသန႔္ ခြဲထားရပါတယ္..ေဆး႐ုံတက္ရတဲ့ ကေလးေတြလဲ ေနေကာင္းလာၾကပါၿပီ..က်န္တဲ့ ကေလးေတြလဲ အဖ်ားေတြ ေပ်ာက္လို႔ သက္သာလာၾကပါၿပီ..အားလုံးပဲက်န္းမာေရးေတြလဲ ဂ႐ုစိုက္ၾကပါရွင္..❤️❤️❤️”ေနမေကာင္းျဖစ္ေနၾကတဲ့ ကေလးငယ္ေလးေတြရဲ့ ပုံရိပ္ေလးေတြကို ျမင္ရတာ စိတ္မေကာင္းျဖစ္မိပါတယ္။လက္ရွိမွာ ဆိုရင္ေတာ့ ကေလးငယ္ေလးေတြရဲ့ အဖ်ား အေျခအေနက ေတာ္ေတာ္ေလး သက္သာေနၾကၿပီလို႔ သိရပါတယ္။ ရာသီ အကူးအေျပာင္းကာလကို အေကာင္းဆုံး ေက်ာ္ျဖတ္ၿပီး ေမေမခိုင္ႏွင္းေဝရဲ့ ေစာင့္ေရွာက္မႈ နဲ႔က်န္းမာလာတဲ့ ကေလးငယ္ေလးေတြ ျဖစ္ၾကပါေစလို႔ ဆုေတာင္းေပးရင္း အခုအေၾကာင္းအရာေလးကို ေဖာ္ျပေပးလိုက္ပါတယ္။

Credit….