သက်မွန်မြင့်ဟာဆိုရင် မြန်မာ အမျိုးသမီး တွေထဲမှာ သရုပ်ဆောင်ကောင်းတဲ့သူအဖြစ် နာမည်ကြီးတဲ့သူ ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းမွန်သလောက် ရုပ်ရည်ချောမောလွန်းလှပြီးကျက်သရေနဲ့ ပြည့်စုံတဲ့ သက်မွန်မြင့်ဟာ လက်ရှိအချိန်မှာ အနုပညာ လှုပ်ရှားမှုတွေ အားလုံးကနေပြီး အနားယူထားတဲ့သူဖြစ်ပါတယ်။ပရိသတ်တွေ ကတော့ သူတို့ချစ်ရတဲ့ ပြည်သူချစ်မင်းသမီး သက်မွန်မြင့် အနုပညာ လှုပ်ရှားမှုတွေ အမြန်ဆုံး ပြန်လုပ်ဖို့ မျှော်လင့်နေကြပေမယ့် သက်မွန်မြင့်ကတော့ သူမချစ်ရတဲ့ မိသားစုနဲ့ အတူတူ လွတ်လပ်ပျော်ရွှင်စွာ နေထိုင်နေပြီပဲဖြစ်ပါတယ်။

လတ်တလောမှာတော့ ပရိသတ်တွေက ပြည်သူမင်းသမီး သက်မွန်မြင့် ကို လွမ်းနေကြတာကြောင့် သက်မွန်မြင့်ရဲ့ ပုံရိပ်လေးတွေ ကို ပြန်ကြည့်ရင်း အလွမ်းဖြေနေကြပါတယ်။ ဒီထဲမှာ ၂၀၁၉ ခုနှစ်တုန်းက ထိုင်းနာမည်ကြီး မင်းသမီးချောလေး Davika Hoorne နဲ့အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံလေး တွေကလည်း အပါအဝင်ပဲဖြစ်ပါတယ်။ ထိုင်းမင်းသမီး Davika Hoorne ဟာဆိုရင် ၂၀၁၀ ခုနှစ်ကတည်းက အနုပညာ လမ်းကြောင်းထက်ဆီကို ရောက်ရှိခဲ့တဲ့သူဖြစ်ပြီး လှပကြော့ရှင်းတဲ့ ခန္ဓာကိုယ်နဲ့ ကျော့ရှင်းတဲ့ ရုပ်ရည်လေးကြောင့် ထိုင်းနိုင်ငံက ပရိသတ် တွေသာမက ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေဆီကပါ အားပေးမှုတွေ များစွာ ရရှိထားတဲ့သူဖြစ်ပါတယ်။

Davika Hoorne က ထိုင်းကပြား လူမျိုးတစ်ယောက်ဖြစ်ပြီး ဗုဒ္ဓဘာသာကို ကိုးကွယ် ယုံကြည်တဲ့သူဖြစ်ပါတယ်။ မြန်မာဝတ်စုံလေး နဲ့ အရမ်းကို ကျက်သရေရှိလှတဲ့ မမ Davika Hoorne ကို ပြည်သူ့မင်းသမီးချောလေး သက်မွန်မြင့်နဲ့ တွဲမြင်လိုက်ရတဲ့ အခါမှာ ကျက်သရေရှိမှုတွေက ပိုပိုပြီးတိုးသွားခဲ့ပါတယ်။မြန်မာ ဝတ်စုံလေးတွေကို ရိုးရိုးယဉ်ယဉ်လေး ဝတ်ဆင်ထားပြီး လှချင်တိုင်း လှလွန်းနေတဲ့ Davika Hoorne နဲ့ မမ သက်မွန်မြင့် တို့ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည် ဝေမျှပေးလိုက်ပါတယ်နော်။

Credit..MMLoad

zawgyi




Credit..MMLoad