ပရိသတ်ကြီးရေ နှုတ်ခမ်းနီမလေးတွေ ရဲ့အသည်းစွဲ MRTV-4ရဲ့ မင်းသားချောလေး ကောင်းမြတ်စံကိုပရိတ်သတ်ကြီးသိပြီးသားနေမှာပါနော်။ “The sign of Love”ဇာတ်လမ်းတွဲလေးနဲ့ ပရိတ်သတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကိုရရှိခဲ့ပြီး မိန်းကလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ်ဝန်းရံအားပေးခြင်းခံရတဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်မင်းသားချောလေးတစ်ယောက်ပါ ။ သူ့ရဲ့ထူးခြားမှု ကတော့ ပါးချိုင့်လေးတွေနဲ့ အပြုံးချိုချိုလေးတွေ ကို ပိုင်ဆိုင်ထားပြီး သူ့ရဲ့အပြုံးတွေအောက်မှာ ကျဆုံးသွားတဲ့ ပျိုပျိုမေတွေကလည်း ထုနဲ့ထေးပါ ။

ဒီကနေ့မှာလည်း ကောင်းမြတ်စံက ရိုက်ကွင်းပေါ်မှာ သူပြုခဲ့တဲ့ ကုသိုလ်လေးတစ်ခုကို ပရိသတ်တွေ သာဓုခေါ်ဆိုပေးဖို့ မျှဝေပေးခဲ့ပါတယ်။ကောင်းမြတ်စံက “ရွာလည်တဲ့ဖူးစာ” ဇာတ်လမ်းတွဲလေးမှာ သရုပ်ဆောင်ပေးခဲ့တဲ့ အဘွားကို ရိုက်ကွင်း နောက်ကွယ်မှာ အမှန်တကယ်ထိုင်ကန်တော့ခဲ့တဲ့ ဗီဒီယိုလေးကို မျှဝေကာ “ရိုက်ကွင်းနောက်ကွယ်မှာ အဖွားကို တတ်နိုင် သလောက်လေး ကန်တော့ တော့ဆုတွေပေးတာဆိုတာ… ကလေးလေးတွေနဲ့ အဖိုးအဖွားအရွယ်တွေဆို ဘယ်လို ချစ်မှန်းကိုမသိတာရယ် ❤️‍🔥” ဆိုပြီး ပြောပြလာပါတယ်။

နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်ပေမယ့်လည်း မာန်မာနမရှိပဲ အားနည်းချို့တဲ့သူ ကိုကူညီတတ်တဲ့စိတ်ထားလေးနဲ့လူကြီးသူမကို ရိုသေကန်တော့ဖို့ ဝန်မလေးတတ်သူတစ်ယောက်ဖြစ်ပါတယ်နော်။ပရိတ်သတ်ကြီးလည်းကောင်းမြတ်စံ ရဲ့ဗီဒီယိုလေးကို ကြည့့်ပြီး ထပ်တူပျော်ရွှင် လိမ့်မယ်လို့ထင်ပါတယ်နော်။

Source: Kaung Myat San ‘s fb

Credit

zawgyi

ပရိသတ္ႀကီးေရ ႏႈတ္ခမ္းနီမေလးေတြ ရဲ့အသည္းစြဲ MRTV-4ရဲ့ မင္းသားေခ်ာေလး ေကာင္းျမတ္စံကိုပရိတ္သတ္ႀကီးသိၿပီးသားေနမွာပါေနာ္။ “The sign of Love”ဇာတ္လမ္းတြဲေလးနဲ႔ ပရိတ္သတ္ေတြရဲ့ တစ္ခဲနက္အားေပးမႈကိုရရွိခဲ့ၿပီး မိန္းကေလး ပရိသတ္ေတြရဲ့ သည္းသည္းလႈပ္ဝန္းရံအားေပးျခင္းခံရတဲ့ ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္မင္းသားေခ်ာေလးတစ္ေယာက္ပါ ။ သူ႔ရဲ့ထူးျခားမႈ ကေတာ့ ပါးခ်ိဳင့္ေလးေတြနဲ႔ အျပဳံးခ်ိဳခ်ိဳေလးေတြ ကို ပိုင္ဆိုင္ထားၿပီး သူ႔ရဲ့အျပဳံးေတြေအာက္မွာ က်ဆုံးသြားတဲ့ ပ်ိဳပ်ိဳေမေတြကလည္း ထုနဲ႔ေထးပါ ။

ဒီကေန႔မွာလည္း ေကာင္းျမတ္စံက ရိုက္ကြင္းေပၚမွာ သူျပဳခဲ့တဲ့ ကုသိုလ္ေလးတစ္ခုကို ပရိသတ္ေတြ သာဓုေခၚဆိုေပးဖို႔ မၽွေဝေပးခဲ့ပါတယ္။ေကာင္းျမတ္စံက “ရြာလည္တဲ့ဖူးစာ” ဇာတ္လမ္းတြဲေလးမွာ သ႐ုပ္ေဆာင္ေပးခဲ့တဲ့ အဘြားကို ရိုက္ကြင္း ေနာက္ကြယ္မွာ အမွန္တကယ္ထိုင္ကန္ေတာ့ခဲ့တဲ့ ဗီဒီယိုေလးကို မၽွေဝကာ “ရိုက္ကြင္းေနာက္ကြယ္မွာ အဖြားကို တတ္နိုင္ သေလာက္ေလး ကန္ေတာ့ ေတာ့ဆုေတြေပးတာဆိုတာ… ကေလးေလးေတြနဲ႔ အဖိုးအဖြားအရြယ္ေတြဆို ဘယ္လို ခ်စ္မွန္းကိုမသိတာရယ္ ❤️‍🔥” ဆိုၿပီး ေျပာျပလာပါတယ္။

နာမည္ႀကီးမင္းသားတစ္ေယာက္ျဖစ္ေပမယ့္လည္း မာန္မာနမရွိပဲ အားနည္းခ်ိဳ႕တဲ့သူ ကိုကူညီတတ္တဲ့စိတ္ထားေလးနဲ႔လူႀကီးသူမကို ရိုေသကန္ေတာ့ဖို႔ ဝန္မေလးတတ္သူတစ္ေယာက္ျဖစ္ပါတယ္ေနာ္။ပရိတ္သတ္ႀကီးလည္းေကာင္းျမတ္စံ ရဲ့ဗီဒီယိုေလးကို ၾကည့့္ၿပီး ထပ္တူေပ်ာ္ရႊင္ လိမ့္မယ္လို႔ထင္ပါတယ္ေနာ္။

Source: Kaung Myat San ‘s fb

Credit