ရိုးသားပွင့်လင်းလွန်းတဲ့ အပြုအမူ ဟန်ပန် ၊ ချစ်စရာ ကောင်းပြီး လှပတဲ့ မျက်နှာ ၊ လုံးကြီးပေါက်လှ ခန္ဓာကိုယ် နဲ့ ပရိသတ်ရဲ့ စိတ်အာရုံ ကို ညှို့ယူထားသူကတော့ ပရိသတ်တွေ အားလုံးက ချစ်ခင်ကြရတဲ့ မင်းသမီးချော မေပန်းချီ ပဲဖြစ်ပါတယ်။

မင်းသမီးချော မေပန်းချီ ဟာ အနုပညာလှုပ်ရှားမှုတိုင်းကို စနစ်တကျ လုပ်ဆောင်တတ်တာကြောင့် ပရိသတ်ရဲ့ ချစ်ခင် အားပေးမှုကို ရရှိထားသလို မိသားစုဝင်များ အပေါ် အထူးသဖြင့် အမေ နဲ့ ညီမလေးအပေါ် အလွန်ချစ်ခင်တန်ဖိုးထားတတ်ခြင်းကြောင့် ပရိသတ်က အချစ်ပိုနေရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

မေပန်းချီ ရဲ့ မိခင်ဖြစ်သူ ဟာ ကိုဗစ်ရောဂါကြောင့်ကွယ်လွန် သွားခဲ့ပြီး မိခင်ကိုတအားချစ်တဲ့ မေပန်းချီ ဟာ အခုချိန်ထိကို အတော်လေးယူကြုံးမရ ဖြစ်နေဆဲပါပဲ။ အခုအခါမှာလည်း မေပန်းချီ က သူမရဲ့ Story မှာ “လွမ်းတယ်မေမေ ညတွေ အမေရှိရင်ကောင်းမယ် ” လို့ရေးသားခဲ့တာကြောင့် ပရိသတ်တွေမှာ အတော်လေး စိတ်မကောင်း ဖြစ်နေကြရတာဖြစ်ပါတယ်။ အမေကို သိပ်သိတတ်လွန်းတဲ့ မေပန်းချီလေးတစ်ယောက် အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Credit…..

zawgyi




Credit…..