ဝတ်မှုန်ရွှေရည် ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းစာရင်းဝင်တဲ့ သရုပ်ဆောင် မင်းသမီးတစ်ဦးပဲ ဖြစ်ပါတယ် ။ အကယ်ဒမီရွှေစင်ဆုတွေကိုလည်း သိမ်းပိုက်ရရှိထားတဲ့ ရွှေကစ်က သရုပ်ဆောင်ပိုင်းမှာ သူမတူအောင် ထိမိလွန်းတဲ့ သရုပ်ဆောင် ပီပြင်မှုတွေကြောင့် အားလုံးကဝိုင်းချစ်ကြပြီး အားမပေးသူမရှိလောက်အောင် ရေပန်းစားကျော်ကြားနေသူပါ ။

မျက်နှာလေးကအစ ဖြူဖြူစင်စင်နဲ့ အေးချမ်းတဲ့အလှကို ပိုင်ဆိုင်ထားလို့ မြင်ရသူတိုင်း ရင်အေးစေတဲ့အလှပိုင်ရှင်လေးပါပဲနော် ။ ဖက်ရှင်ပိုင်းမှာလည်း ပရိသတ်တွေအမြင်မရိုင်းအောင် ဝတ်ဆင်တတ်သူမို့လည်း ပရိသတ်တွေက အချစ်ပိုနေရတာပါ။

ဒါ့အပြင် အလှူအတန်းတွေ ဆိုရင်လည်း မကြာခဏ ပြုလုပ်လေ့ ရှိတာကို တွေ့ရပါတယ် ။ လတ်တလော ဝါဆိုလပြည့်ကျော် တစ်ရက် နေ့မှာလည်း ဆရာတော်ဘုရားကြီးအား ဝါဆို သင်္ကန်းကပ်ကာ ကောင်းမှုကုသိုလ် ပြုလုပ်ဖြစ်ခဲ့ပုံကို ဝေမျှလာပါတယ် ။ ကစ်ရဲ့ အလှူလေးကို သာဓု သုံးကြိမ်ခေါ်ဆိုရင်း ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

Credit – Cele Zone
Photo – Wutt Mhone Shwe Yi

zawgyi




Credit – Cele Zone